ကျိုင်းတုံ့းမြို့ကိုယိုးဒယားတို့ကျူးကျော်ခြင်း 1942

 ကျိုင်းတုံ့းမြို့ကိုယိုးဒယားတို့ကျူးကျော်ခြင်း(1942)။



ဒုတိယကမ္ဘာစစ်အစပိုင်း 1941 Dec8နေ့တွင်
ဂျပန်တပ်များထိုင်းနိုင်ငံအတွင်းသို့ နေရာကိုးခုမှဝင်ရောက်
လာကြသည်။က​ေမ္ဘာဒီးယားနိုင်ငံဘက်တမ်ဘမ်မြို့မှ
ကြည်းကြောင်းဖြင့်၎င်း။ဒွန်မူအမ်းလေဆိပ်မှ၎င်း။ရေကြောင်းအတိုင်းဟွာဟင်းနှင့်ပတ္တနီ ကြားပင်လယ်ကွေ့ကမ်းခြေခုနစ်နေရာတို့မှဝင်ရောက်လာခြင်းဖြစ်သည်။
တောင်ပိုင်းတွင်ခုခံတိုက်ခိုက်မှုအနည်းငယ်သာကြုံတွေ့ခဲ့ရသည်။ထိုင်းဝန်ကြီးချုပ်မာရှယ်ပီဘွန်ဆွန်ဂရန်ကအပစ်အခတ်ရပ်စဲရေးကိုကြေညာခဲ့သည်။ဂျပန်များကိုတိုက်ခိုက်ခြင်းသည်မိမိကိုမိမိသေကြောင်းကြံစည်ခြင်းဟုသိရှိသောကြောင့်ဖြစ်သည်။ထိုအကြောင်းကြောင့်ပင်UK&USတို့က
ထိုင်းနိုင်ငံကိုရန်သူသိမ်းပိုက်ထားသောနိုင်ငံအဖြစ်အသိအမှတ်ပြုထားကြသည်။


မဟာမိတ်များနှင့်ထိုင်းအစိုးရအဖွဲ့ဝင်အချို့မသိထားသောအချက်မှာ.ပီဘွန်ဆွန်ဂရန်တွင်အခြားအကြံအစည်တခု
ရှိနေခြင်းဖြစ်သည်။အာရှအရှေ့ဖျားတွင်စစ်ပွဲကြီးစတင်ပြီးနာရီ60အတွင်းဗြိတိသျှတို့၏အထူးအားထားရသော
Repulse. & Walesစစ်သ​ေင်္ဘါကြီးနှစ်စင်းကိုဂျပန်တို့ကလေကြောင်းမှုတိုက်ခိုက်နှစ်မြှုပ်နိုင်မှုကြောင့် ဝန်ကြီး
ချုပ်ကဂျပန်တို့နှင့်ပူးပေါင်းရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။14-12-1941နေ့တွင်ဂျပန်တို့နှင့်လျှို့ဝှက်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံကိုကျူးကျော်တိုက်ခိုက်ရာတွင်ထိုင်းတပ်များပါဝင်ရန်ဖြစ်သည်။21-12-1941ခုနေ့တွင်ဂျပန်ထိုင်းမဟာမိတ်စာချုပ်ကိုဘုရင့်နန်းတော်မြဘုရားရှေ့မှောက်တွင်လက်မှတ်ရေးထိုးသည်။
မဟာမိတ်ဖွဲ့ခြင်းဖြင့်ရရှိမည့်အကျီုးရလာဒ်မှာ
1909ခုနှစ်ကဗြိတိသျှတို့ကိုပေးလိုက်ရသည့်
ထိုင်းတောင်ပိုင်းပြည်နယ်များနှင့်ာသမိုင်းကြောင်းတွင်ဆုံးရှုံးခဲ့ရသောနယ်များဟုထိုင်းတို့ကသတ်မှတ်ထားသော
မြန်မာပိုင်ရှမ်းနယ်များကိုပြန်လည်ရရှိစေမည်ဟုဂျပန်တို့က လျှို့ဝှက်ကတိပေးထားခြင်းဖြစ်သည်။ထို့ကြောင့်
25-1-1942နေ့တွင်ထိုင်းဝန်ကြီူချုပ်က ဗြိတိန်နှင့်အမေရိကန်တို့ကိုစစ်ကြေငြာခဲ့သည်။
ပီဘူဆွန်ဂရန်၏လုပ်ဆောင်ချက်ကိုအများဿန့်ကွက်ခဲ့ကြသည်။အမေရိကန်နိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး
ဆီနီပရာမို့ ကစစ်ကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ရန်ငြင်းဆန်ခဲ့သည်။
ပီဘူကစစ်နိုင်သောဘက်မှပါဝင်မှသာအကျိုးရှိမည်ဟု
ထင်မြင်ကာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
7-12-1941နေ့တွင်ပုလဲဆိပ်ကမ်းကိုစစ်မကြေငြာပဲဂျပန်တို့ကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ရက်ပိုင်း
အတွင်းမှာတရုတ်သမတချန်ကေရှိတ်က ဝန်ကြီးချုပ်ချာချီနှင့်အမေရိကန်သမတရုစဗဲ့တို့ထံ ဖုန်းဆက်ပြီး အရှေ့အာရှ
စစ်ပွဲတွင်ပါဝင်ကူညီမည်ဖြစ်ကြောင်းကမ်းလှမ်းခဲ့သည်။



ကူမင်တန်တပ်များကို မြန်မာပြည်မြောက်ပိုင်းသို့သေလွှတ်
ပြီး.တရုတ်ပြည်၏အသက်သွေးကြောဖြစ်သော
ရန်ကုန် လားရှိုး ချုံကင်းလမ်းကိုကာကွယ်ရန်ပြင်ဆင်သည်။(စာရေးသူတို့ တောင်ငူမြို့သို့ တပ်မ200
လာရောက်တပ်စွဲပြီး ဂျပန်တပ်များကိုခုခံခဲ့သည်)
တရုတ်တို့၏ကမ်းလှမ်းမှုကိုလက်ခံ၍ ယူနန်ပြည်နယ်တွင်
တပ်စွဲထားသော တပ်မ(93)ကိုသံလွင်မြစ်ကြောင်းအတိုင်းဝင်ရောက်စေသည်။ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ကူမင်တနတပ်များတပ်စွဲထားကြသည်။
3-5-1942တွင် ထိုင်းလေယာဥ်များကျိုင်းတုံကိုဗုံးကြဲ
တိုက်ခိုက်သည်။ရက်သတ္တပာတ်အနည်းငယ်အတွင်း
ကျိုင်းတုံကို ထိုင်းတို့သိမ်းယူသည်။
ရာစုနှစ်တဝက်ခန့်အကြာတွင် ကျိုင်းတုံမှာသီတင်းသုံးနေသောဘုန်းတော်ကြီးတပါးကဒီလိုပြောပြပါတယ်။"အဲဒီတုန်းက ထိုင်းလေယာဥ်27စင်းဗုံးလာကြဲတယ်။ကူမင်တန်
တွေတပ်စွဲထားတဲ့ကျိုင်းတုံစျေးကြီးအပေါ်ကိုဗုံးတွေကျ
တာနဲ့ တရုတ်တပ်တွေ တောထဲကိုထွက်ပြေးသွားကြတယ်"
ရက်အနည်းငယ်အကြာမှာထိုင်းတပ်မတော်က မာရှယ်
ပင်ချွန်ဟာဝမ် ဦးဆောင်သောတပ်များရောက်ရှိလာပြီး
ကျိုင်းတုံတွင်ထိုင်းအလံကိုလွှင့်ထူခဲ့သည်။နောင်အခါ
ထိုင်းဝန်ကြီးချုပ်ဖြစ်လာမည့်.ချတ်ချိုင်းခွမ်နာဟန်
သည်ထိုစဥ်က ဒုဗိုလ်အဖြစ်ပါဝင်ခဒ့သည်။
ထိုင်းတပ်မတော်သည်ရှမ်းပြည်အရှေ့ပိုင်းကို ရန်သူလက်
မှလွတ်မြောက်သေခဲ့ပြီဟု.ပီဘူကကြေငြာသည်။သံလွင်
အရှေ့ရှမ်းပြည်နယ်အဖြစ်သတ်မှတ်ပြီးထိုင်းတို့၏မူလ
ပြည်နယ်ဖြစ်ကြောင်းကြေညာသည်။


္1909ခုနှစ်ကလက်လွှတ်ခဲ့ရသောမလေးပြည်နယ်များ
ဖြစ်သော ကီလန်တန် ထရန်ဂနူ.ပါလစ် နှင့် ကေဒါပြည်နယ်များကိုလည်း 1943ခနှစ်သြဂုတ်လတွင်စာချုပ်
ချုပ်ဆို၍ထိုင်းတို့ထံပေးအပ်သည်။
1942နှစ်လယ်တွင်တိုက်ပွဲများရပ်စဲသွားသော်လည်း
စားနပ်ရိက္ခာနှင့်ဆေးဝါးပြတ်လပ်မှုနှင့်ရောဂါဘယများက
ထိုင်းတို့ကိုအခက်အခဲဖြစ်စေသည်။ငှက်ဖျားရောဂါကြောင့်သေဆုံးသူမှာတိုက်ပွဲမှာကျဆုံးသူထက်ပိုများနေသည်။
1943ဇန္နဝါရီလတွင် ကွီနိုင်ဆေးပြား10 tonကျိုင်းတုံသို့ပို့ပေးရန်အမိန်ထုတ်ခဲ့ရသည်
ပီဘူကိုယ်တိုင်ကျိုင်းတုံကိုလာရောက်ကြည့်ရှုပြီး
စားနပ်ရိက္ခာငွေကြေးယူနီဖောင်းများကိုပို့ပေးရန်ဘန်ကောက်သို့ညွှန်ကြားသည်။ငှက်ပျောသီူလှည်းအစီးရေ100ပေးပို့ရန်လည်းပါ၏ဂျပန်တို့၏ကျောထောက်နောက်ခံဖြင့် ကျိုင်းတုံဇင်းမယ်လမ်းကိုဖောက်လုပ်ခဲ့သည့်။ဇင်းမယ်မယ်ဟောင်ဆောင်လမ်း
မှာလည်းထိုကာလကဖောက်ခဲ့သောလမ်းဖြစ်သည်။
ထိုအချိန်တွင်ဂျာမန်တို့စတာလင်ဂရက်တွင်စစ်ရှုံးသည့်
သတင်းများထွက်ပေါ်လာသည်။ပီဘူအစိုးရအတွက်အခက်အခဲများဖြစ်လာသည်။သူတို့ရွေးသောဘက်မှာ
စစ်ရှုံးသောဘက်ဖြစ်နေပေပြီ။
မြန်မာတပြည်လုံးကိုဂျပန်ကသိမ်းယူသည်ကို ထိုင်း
မြောက်ပိုင်းတပ်မတော်ကသူတို့၏အောင်ပွဲအဖြစ်ကြေညာ
သည်။ဂိပန်တို့၏ရက်စက်ကြမ်းကြုတ်မှုကတဖြေးဖြေး
ပေါ်လွင်လာသည်။ဥပမာ ပင်လုံဒေသတွင် ထိုင်းတို့၏
နယ်မြေဟုကြွေးကြော်ထားသောနယ်မြေ၏အရှင်သခင်
မှာမည်သူဖြစ်သည်ကိုထိုင်းတို့သိလာကြသည်။
ဘန်ကောက်ရှိအာဏာပိုင်တို့သည်စစ်ရေးအောင်မြင်လာ
သောမဟာမိတ်တို့၏ ဒဏ်ခတ်ခံရမည်ကိုစိုးရိမ်လာကြသည်။1944ခုနှစ်ဦးပိုင်းတွင်ဗြိတိသျှတို့က မြန်မာနိုင်ငံကို
ထိုးစစ်ဆင်လာကြသည်။
ဘန်ကောက်ဆ်ပ်ကမ်းနှင့်သင်းဘောကျင်းများကိုလေကြောင်းမှဗုံးကြဲသည်။ရိက္ခာပြတ်လာကြသောဂျပန်
တို့ကလည်းထိုင်းတို့ကိုဖိနှိပ်လာကြသည်။ဝန်ကြီးချုပ်ပီဘူ
ကိုလူကြိုက်နည်းလာသည်။ငွေကြေးဖောင်းကြွမှုကလည်းထိန်းမရအောင်ဖြစ်လာသည်။သူပြဌာန်းခဲ့သောထိုင်းစာပေ
ရေးသားမှုနှင့်ဝတ်စားဆင်ယင်မှုဥပဒေကလည်းလူမျိုးစု
လူမျိုးငယ်များကို စိတ်ဝမ်းကွဲစေသည်။
24-7-1944ဂျပန်ဝန်ကြီးချုပ်စစ်အာဏာရှင်တိုဂျို ပြုတ်ကျသည်။ထိုအခွင့်ကောင်းကိုယူ၍ ထိုင်းလွှတ်တော်ကဥပဒေကြမ်းနီစ်ခုကိုပယ်ချပြီး.ပီဘူကိုရာထူးမှနှုတ်ထွက်စေရန်ဖိအားပေးမှုကြောင့် ပီဘူဆွန်ဂရန်လည်းပြုတ်ကျသည်။ပီဘူ၏နေရာကို ခွန်အဖီရန်ကဆက်ခံသည်။
သို့ရာတွင် ပရီဒီဖန်နုမ်ယန်ဦးဆောင်သော ထိုင်းလွတ်မြောက်ရေးလီုပ်ရှားမှုအဖွဲ့ကသြဇာလွှမ်းမိုးထားသည်။ထိုအဖွဲ့ကစစ်အတွင်းဂျပန်နှင့်မဟာမိတ်
ပြုမှုအတွက် ထိုင်းနိုင်ငံအားအပြစ်ပေးမခံရရေးအတွက် ကြိုးပန်းဆောင်ရွက်သည်။
အထူးသဖြင့်ဗြိတိန်နိုင်ငံက.ထိုင်းကိုအစောင့်ရှောက်ခံနိုင်ငံအဆင့်အထိလျှော့ချပြီးပြင်းထန်စွာအပြစ်ပေးလိုသည်။
ထိုင်းအာဏာပိုင်အဖွဲ့က မဟာမိတ်တို့နှင့်ဆက်သွယ်ပြီး
သူတ်ု့၏မဟာမိတ်​ေဟာင်းဂျပန်ကိုတွန်းလှန်ရန်ပြင်ဆင်
နေကြောင်းအသိပေးခဲ့သည်။သူတို့သိမ်းယူခဲ့သောမြန်မာ
ရှမ်းနယ်များနှင့်မလေးရှားနယ်များကို ဗြိတိသျှထံသို့ပြန်
ပေးခဲ့သည်။ထိုင်းနယ်မြေကိုအခြေပြု၍မြန်မာပြည်ကို
တိုက်ခိုက်ခံရ၍နောက်ကျောကို
ဓားနှင့်ထိုးသကဲ့သို့ဒေါသထွက်နေသောချာချီကို အမေရိကန်တို့ကဖြောင်းဖြခဲ့သဖြင့်ထိုင်းတို့သက်သာရာရခြင်းဖြစ်သည်။
1945 SးAugustလဂျပန်လက်နက်ချပြီးသည်အထိ ထိုင်းမြောက်ပိုင်းတပ်မတော်သည် ကျိုင်းတုံတွင်ရှိနေဆဲ
​​​ဖြစ်သည်။
ထို့နောက်တွင်ထိုင်းတပ်များကျိုင်းတုံမှပြန်လည်ဆုတ်ခွာသွားကြသည်။အချို့လည်းဒေသခံများနှင့်အိမ်ထောင်ကျကာကျိုင်းတုံတွင်အခြချနေထိုင်ကြသည်။
ထိုင်းတို့၏ရာဇဝင်နှင့်ချီသောရည်မှန်းချက်မှာ"မဟာထိုင်း
Great Thai. "ထူထောင်ရန်ဖြစ်သည်။မြန်မာရှမ်းနယ်များ ယူနန်မောရှမ်း.စစ်ဆောင်ပနား အာသံအဟုန်ရှမ်းပေါင်းစည်းကာနိုင်ငံကြီးတခုထူထောင်ရနဖြစ်သည်။စစ်ကြီးအတွင်းကကျိုင်းတုံသံလွင်မြစ်အရှေ့ခြမ်းနယ်များ.မလေးရှားနာ်များရခဲ့သော်လည်းစစ်ကြီးပြီးသွားသောအခါပြန်လည်စွန့်လွှတ်ခဲ့ရသည်။ကျိုင်းတုံကိုမင်းတုန်းမင်းလက်ထက်ကကျူးကျော်ခဲ့ဘူးသော်လည်းအရေးနိမ့်ကာပြန်လည်ဆုတ်ခွာခဲ့ရဘူးသည်။မေ့လျော့နေသောထိုင်းတို့၏ကျူးကျော်စစ်ပွဲအကြောင်းကိုတင်ပြလ်ုက်ပါသည်။
သောင်းကေတု
31-12-2011
မကွေးသင်ကြားရေးဆေးရုံကြီး
Ref internet
Wikipedia

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.