ဂျ ာမ ဏီနိုင်ငံရဲ့ ပြတိုက်တစ်ခုမှာ ပြသထားတဲ့ မြန်မာ့ရှေးဟောင်း အမွေအနှစ်များ

ဂျာမဏီနိုင်ငံရဲ့ ပြတိုက်တစ်ခုမှာ ပြသထားတဲ့ မြန်မာ့ရှေးဟောင်း အမွေအနှစ်များ

 

 

ဂျာမဏီနိုင်ငံရဲ့ ပြတိုက်တစ်ခုထဲမှာရှိတဲ့ မြန်မာ့ရှေးဟောင်း အမွေအနှစ်များ

ဂျာမဏီနိုင်ငံရဲ့ ပြတိုက်တစ်ခုမှာ ပြသထားတဲ့ မြန်မာ့ရှေးဟောင်း အမွေအနှစ်များ

ဂျာမနီ နိုင်ငံမှာ ရှိတဲ့ ပြတိုက် တစ်ခုမှာ မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့ စေတီပုထိုး ဘုရားများကို တန်ဖိုးထားဖော်ပြထားတာလေးတွေေ ဖာ်ပြလိုက်ပါတယ်….။

 

 

ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ကို တိုင်းတစ်ပါးသားတွေ ဘယ်လောက် တန်ဖိုးထား အားကျလည်း ဆိုတာ စာလေးဖတ်ပြီး သိလာ ပါလိမ့်မယ်။

 

 

“ဒီနေ့ Munich ရောက်တော့ Museum Funf Kontinente မှာပြနေတဲ့ Myanmar of Pagodas, Longyisand Nat Sprits ကို သွားကြည့်ဖြစ်ခဲ့တယ်။

 

 

 

ခင်းကျင်းပြသထားတာ အတော်လေး အတုယူဖို့ကောင်းပါတယ်..Textile နဲ့ ပက်သက်တဲ့ ပြခန်းမှာ ဆိုရင် ပြူတင်းပေါက်နား သွားလိုက်တာနဲ့ ယက္ကန်း ခတ်သံ ကြားရအောင် လုပ်ပေးထားတယ်။

ရုပ်သေးရုပ်ပြခန်း ဆိုရင် ရုပ်သေးရုပ်ကတဲ့ အခါ ရုပ်သေးရုပ်ကလေးတွေ ရဲ့ခြေထောက်နဲ့ ကြမ်းပြင် ထိသံလေးတွေ ကြားရအောင် လုပ်ပေးထားတယ်။

 

 

ပြထားတဲ့ ရုပ်သေးရုပ်တွေက တကယ့်ကို အဟောင်းတွေ ဖြစ်တဲ့အပြင် ရုပ်သေးရုပ် ၂၈ ရုပ်စလုံး စုံအောင်ပြထားနိူင်တာ အံဩစရာပါ။

 

ထူးခြားတဲ့ ပန်းပုရုပ်ထု ၃ ခုကတော့ အံဩစရာပါ၊ အရုပ်က ကြီးပြီး မှန်ခံနေတော့ ဖုန်းနဲ့ဓါတ်ပုံ ရိုက်ရ အဆင်မပြေလို ကင်မရာနဲ့ ပိုင်းပြီး ရိုက်ထားတာပါ။ ကြုံမှပဲ post တင်ပေးပါ့မယ်..

 

 

ကျွန်တော့အထင် မမှားဘူးဆိုရင် ပုဂံခေါတ်နှောင်ပိုင်းလက်ရာတွေ ဖြစ်ဖို့များတယ်။အံဩစရာကောင်းတာက German မိဘတွေက သူတို့ကလေးတွေေ ခါ်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှု့ အကြောင်းကို သူတို့ကလေးတွေကို လေ့လာစေတာပါ။

 

 

ကျွန်တော်တို့ဆီက မိဘတွေက ကိုယ်တိုင်းလည်း ကိုယ်ယဉ်ကျေးမှု့အကြောင်းမသိ၊ ကလေးတွေကိုလည်း လေ့လာဖို့ မသွန်သင်၊ တခြားလူမျိူးတွေရဲ့ ယဉ်ကျေးမှုကို သိဖို့ဆိုတာ ဝေလာဝေးပါ။

 

အဲဒီတော့ generation by generation က နိမ့် ကျနေအုံးမှာပါ။ ဒါကြောင့် မိမိတို့ကိုယ်တိုင်လည်း မိမိ ယဉ်ကျေးမှုတန်ဖိုးကို သိတတ်ပြီး မျိုးဆက်သစ်တွေ သိအောင်လည်း ပြောပြသွန်သင် ပေးကြပါနော်..။

Credit

 

 

Zawgyi

 

ဂ်ာမဏီနိုင္ငံရဲ႕ ျပတိုက္တစ္ခုမွာ ျပသထားတဲ့ ျမန္မာ့ေရွးေဟာင္း အေမြအႏွစ္မ်ား

 

ဂ်ာမဏီနိုင္ငံရဲ႕ ျပတိုက္တစ္ခုထဲမွာရွိတဲ့ ျမန္မာ့ေရွးေဟာင္း အေမြအႏွစ္မ်ား

ဂ်ာမဏီနိုင္ငံရဲ႕ ျပတိုက္တစ္ခုမွာ ျပသထားတဲ့ ျမန္မာ့ေရွးေဟာင္း အေမြအႏွစ္မ်ား

ဂ်ာမနီ နိုင္ငံမွာ ရွိတဲ့ ျပတိုက္ တစ္ခုမွာ ျမန္မာတို႔ရဲ႕ယဥ္ေက်းမႈနဲ႕ ေစတီပုထိုး ဘုရားမ်ားကို တန္ဖိုးထားေဖာ္ျပထားတာေလးေတြေ ဖာ္ျပလိုက္ပါတယ္….။

 

ကိုယ့္နိုင္ငံရဲ႕ ယဥ္ေက်းမႈ ကို တိုင္းတစ္ပါးသားေတြ ဘယ္ေလာက္ တန္ဖိုးထား အားက်လည္း ဆိုတာ စာေလးဖတ္ၿပီး သိလာ ပါလိမ့္မယ္။

 

“ဒီေန႕ Munich ေရာက္ေတာ့ Museum Funf Kontinente မွာျပေနတဲ့ Myanmar of Pagodas, Longyisand Nat Sprits ကို သြားၾကည့္ျဖစ္ခဲ့တယ္။

 

ခင္းက်င္းျပသထားတာ အေတာ္ေလး အတုယူဖို႔ေကာင္းပါတယ္..Textile နဲ႕ ပက္သက္တဲ့ ျပခန္းမွာ ဆိုရင္ ျပဴတင္းေပါက္နား သြားလိုက္တာနဲ႕ ယကၠန္း ခတ္သံ ၾကားရေအာင္ လုပ္ေပးထားတယ္။

႐ုပ္ေသး႐ုပ္ျပခန္း ဆိုရင္ ႐ုပ္ေသး႐ုပ္ကတဲ့ အခါ ႐ုပ္ေသး႐ုပ္ကေလးေတြ ရဲ႕ေျခေထာက္နဲ႕ ၾကမ္းျပင္ ထိသံေလးေတြ ၾကားရေအာင္ လုပ္ေပးထားတယ္။

 

ျပထားတဲ့ ႐ုပ္ေသး႐ုပ္ေတြက တကယ့္ကို အေဟာင္းေတြ ျဖစ္တဲ့အျပင္ ႐ုပ္ေသး႐ုပ္ ၂၈ ႐ုပ္စလုံး စုံေအာင္ျပထားနိူင္တာ အံဩစရာပါ။

 

ထူးျခားတဲ့ ပန္းပု႐ုပ္ထု ၃ ခုကေတာ့ အံဩစရာပါ၊ အ႐ုပ္က ႀကီးၿပီး မွန္ခံေနေတာ့ ဖုန္းနဲ႕ဓါတ္ပုံ ရိုက္ရ အဆင္မေျပလို ကင္မရာနဲ႕ ပိုင္းၿပီး ရိုက္ထားတာပါ။ ႀကဳံမွပဲ post တင္ေပးပါ့မယ္..

 

ကြၽန္ေတာ့အထင္ မမွားဘူးဆိုရင္ ပုဂံေခါတ္ေႏွာင္ပိုင္းလက္ရာေတြ ျဖစ္ဖို႔မ်ားတယ္။အံဩစရာေကာင္းတာက German မိဘေတြက သူတို႔ကေလးေတြေ ခၚလာၿပီး ကြၽန္ေတာ္တို႔ ယဥ္ေက်းမႈ႕ အေၾကာင္းကို သူတို႔ကေလးေတြကို ေလ့လာေစတာပါ။

 

 

 

ကြၽန္ေတာ္တို႔ဆီက မိဘေတြက ကိုယ္တိုင္းလည္း ကိုယ္ယဥ္ေက်းမႈ႕အေၾကာင္းမသိ၊ ကေလးေတြကိုလည္း ေလ့လာဖို႔ မသြန္သင္၊ တျခားလူမ်ိဴးေတြရဲ႕ ယဥ္ေက်းမႈကို သိဖို႔ဆိုတာ ေဝလာေဝးပါ။

 

အဲဒီေတာ့ generation by generation က နိမ့္ က်ေနအုံးမွာပါ။ ဒါေၾကာင့္ မိမိတို႔ကိုယ္တိုင္လည္း မိမိ ယဥ္ေက်းမႈတန္ဖိုးကို သိတတ္ၿပီး မ်ိဳးဆက္သစ္ေတြ သိေအာင္လည္း ေျပာျပသြန္သင္ ေပးၾကပါေနာ္..။

Credit

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.