” နှင်းမြ၏ကလဲ့စား ” (စ/ဆုံး)

 ” နှင်းမြ၏ကလဲ့စား ” (စ/ဆုံး)

=================================

ရိုးပြင်ရွာလို့ ဆိုသည်နှင့်ကွမ်းရွက်ခြံများ

ပိုင်ဆိုင်သည့် သူဌေးကြီး ဦးသာခေါင်ဆိုလျှင်

မသိသူမရှိသလောက်ပင်။

ရိုးပင်ရွာနှင့်မလှမ်းမကမ်းရွာများကလူများလည်း

ဝင်ရောက်လုပ်ကိုင်ကြရသော ခြံကြီးတစ်ခြံပင်

ဖြစ်သည်။

ဦးသာခေါင်ခြံကနာမည်ကြီးဗျ

ခြံအလုပ်သမားတွေအယောက်လေးငါး

ဆယ်နီးပါးဝင်ရောက်လုပ်ကိုင်ကြတဲ့

ဦးသာခေါင်တို့ခြံဟာကွမ်းရွက်ခြံဟာ

အရောင်းရဆုံးခြံတစ်ခြံဖြစ်သည်။

ရိုးပြင်ရွာထဲမှလူအများစုက

ဦးသာခေါင်ရဲ့ခြံမှာပဲလုပ်ကြပါတယ်

ဘာလို့လဲဆိုတော့ ဦးသာခေါင်ဟာ

တစ်ခြားသူတွေထက်လုပ်အားခပိုပေး

တာရယ်အလုပ်သမားတွေရဲ့အပေါ်

တန်းတူညီမျှဆက်ဆံတတ်သောသူတစ်

ယောက်ဖြစ်လေသည်။

ဒါကြောင့်အလုပ်သမားတွေက

ဦးသာခေါင်ရဲ့အလုပ်အပေါ်စေတနာထားကာလုပ်ကိုင်ပေးကြပါပြီး

အဖွဲ့သားအချင်းချင်းလည်းပျော်ရွှင်စွာ

စစနောက်နောက်နဲ့အလွန်ပျော်စရာ

ကောင်းလွန်းနေတယ်ဆိုလည်းမမှားပေ။

ထိုအထဲမှာ ကောက်ကြီးရွာက လူအနည်းစုလည်း

အပါဝင်ဖြစ်သည်။

” ဟဲ့ အောင်သူနင့်ကွမ်းရွက်ခူးတာ

လည်း နှင်းမြအနားမှာပဲနော်”

“ဟာ ဒေါ်တုတ်ကလည်းဗျာ

မဟုတ်ပါဘူးဗျကျွန်တော့ဘာသာ

ကျွန်တော်ဒီအတိုင်းပဲခူးနေတာပါဗျ”

အောင်သူတစ်ယောက်ရှက်ရှက်နဲ့

ပြန်ပြောမိသည်

နှင်းမြကလည်းတခစ်ခစ်နဲ့ရယ်ရှာသည်။

တကယ်တော့အောင်သူကနှင်းမြကို

ကျိတ်ပြီးချစ်နေရရှာသည်သို့ပေမယ့်

ဖွင့်မပြောရဲလို့သာငြိမ်နေရသည်။

ထမင်းစားနားကြတော့အောင်သူနဲ့နှင်းမြ

တို့တစ်ဝိုင်းထဲဆုံမိကြသည်။

“ဟဲ့ အောင်သူထမင်းစားလေဘာငေးနေ

တာလဲထမင်းခွက်လည်းကြည့်စားပါဦး”

“ဟာ ဒေါ်တုတ်ကလည်းစားနေပါတယ်ဗျ”

“ရော့ ကိုအောင်သူ နှင်းမြဟင်းတွေရော

စားပါဦး နှင်းမြတစ်ယောက်တည်းကုန်အောင်မစားနိုင်ပါဘူးယူစားပါ အားမနာပါနဲ့စားပါ”

“အမလေး မနှင်းမြရယ်ထမင်းဝိုင်းမှာ

လူတွေဒီလောက်အများကြီးအောင်သူ

ကိုမှရွေးပြီးကျွေးရသလား”

“မဟုတ်ပါဘူးခွာညိုရယ် နင်တို့လည်း

ယူစားလို့ရပါတယ်ဟ”

ထမင်းဝိုင်းလေးကသာသာယာယာ

နဲ့ပြီးသွားတော့ခဏနားကြတဲ့အချိန်.

“နှင်း ငါနင့်ကိုစကားနည်းနည်းလောက်

ပြောချင်တယ်အဲဒါနင်ငါနဲ့ဟိုဘက်ခဏ

လိုက်ခဲ့ပါလားဟာ”

“နင်ကလည်းစကားပြောတာများဒီနား

ပြောလည်းရပါတယ်ဟ ”

“မဟုတ်ဘူးဟအခုငါပြောမယ့်စကားက”

ထိုစဉ်

“ကဲ ကဲ အားလုံးအလုပ်ပြန်လုပ်လို့ရပြီ

သွားကြတော့”

အလုပ်ပိုင်ရှင်ရဲ့သား ကိုကျော်နိုင်ရောက်လာပြီး

အမိန့်ပေးလိုက်တော့အားလုံးပျာပျာ

သလဲဖြစ်ပြီးလုပ်ငန်းခွင်ပြန်ဝင်ကြရတော့သည်။

ကိုကျော်နိုင်က သူ့ရဲ့ဖခင်နဲ့မတူပေ

အလုပ်သမားတွေအပေါ်ဖိနှိပ်ဆက်ဆံ

တတ်သူဖြစ်ပြီးမညှာမတာခိုင်းတတ်သူ

တစ်ယောက်ဒါကြောင့်ကိုကျော်နိုင်ကို

အလုပ်သမားများကအမြင်မကြည်ကြ

ထိုအထဲမှာနှင်းမြတစ်ယောက်လည်းအပါအဝင်ဖြစ်သည်။

အောင်သူလည်းအလုပ်ပိုင်ရှင်ရဲ့သား

ကိုကျော်နိုင်ရောက်လာလို့နှင်းမြကိုပြော

မယ့်သူ့ရဲ့ချစ်စကားများမှာမပြောဖြစ်

လိုက်ပေ။

” ဟင်း အရေးထဲမှ ပွဲဖြတ်တဲ့သူရောက်လာတယ်ငါမနက်ဖြန်

မှနှင်းမြကိုဖွင့်ပြောတော့မယ်”

အောင်သူလည်းစိတ်ထဲမှရေရွတ်နေလိုက်သည်။

ညနေအလုပ်သိမ်းအိမ်ပြန်ကြတော့

အောင်သူနဲ့နှင်းမြတို့နှစ်ယောက်အတူတူ

ပြန်ခဲ့ကြသည်လမ်းခုလတ်အရောက်မှာ

တော့နှင်းမြက။

“ကိုအောင်သူ မနက်ကထမင်းစားနားတော့နှင်းမြကို

ပြောစရာရှိတယ်ဆိုပြောလေ”

“ဟို လေ အဲ အဲ ”

“တအဲအဲနဲ့ဘာဖြစ်နေတာလဲ”

“ငါပြောမယ့်စကားက ငါနင့်ကိုချစ်မိနေပြီ

နှင်းမြ နင်ငါ့ကိုလက်ခံနိုင်မလားဟင်”

“ရှင် နှင်းမြကိုချစ်တယ် ဟုတ်လား”

“ဟုတ် ဟုတ်တယ် ချစ်နေမိတာကြာပြီ

မပြောရဲလို့စောင့်နေခဲ့ရတာပါဟာ

ငါနင့်ကိုအချစ်စစ်နဲ့ချစ်တာပါဟာ

နင်ငါ့အချစ်ကိုလက်ခံစဉ်းစားပေးပါလား

နှင်းမြရယ်”

“နှင်းမြစဉ်းစားပေးပါ့မယ် ဒါပေမယ့် နှင်းမြ

ဒီကိစ္စကိုအလျင်စလိုမဆုံးဖြတ်ချင်ဘူး

ခေါင်းအေးအေးနဲ့သေချာစဉ်းစားပြီးမှ

ကိုအောင်သူကိုပြန်ပြောပါ့မယ်”

“အင်းပါ နှင်းမြရယ် ငါစောင့်နေပါ့မယ်

ဘယ်လောက်ပဲကြာနေပါစေ

ငါနင့်ဆီကအဖြေကိုမျှော်လင့်နေပါ့မယ်”

ထိုမျှနဲ့သာအိမ်ပြန်လမ်းခွဲခဲ့ကြလေသည်။

“ဟား ဟား ငါကွ ငါနှင်းမြကိုဖွင့်ပြော

လိုက်ပြီ အခုမှပဲရင်ထဲသိမ်းထားတဲ့

စကားတွေပွင့်ကျသွားပြီ”

အောင်သူတစ်ယောက် တစ်ယောက်

တည်းရေရွတ်ကာအပျော်ကြီးပျော်နေမိ

တော့သည် ဒါတောင်နှင်းမြဆီကချစ်တယ်လို့မပြောသေးပေ။

••••••

နောက်တစ်နေ့မနက်အလုပ်ပြန်ဝင်

ကြတော့

အောင်သူနဲ့နှင်းမြတစ်ယောက်ကို

တစ်ယောက်မြင်တယ်ဆိုရင်ပဲ

ရှက်သွေးဖြာနေကြသည်။

အလုပ်လုပ်လိုက် စလိုက်နောက်လိုက်နှင့်

အချိန်တွေတဖြည်းဖြည်းနဲ့ကုန်လာခဲ့လေသည်

အောင်သူ တစ်ယောက်

နှင်းမြဆီမှအဖြေကိုမျှော်လင့်နေဆဲ။

ဒီလိုနဲ့တစ်ရက်တွင်တော့……

“ကိုအောင်သူ နှင်းမြပြောစရာရှိတယ်”

“အင်းပြောလေနှင်းမြ”

“ကိုအောင်သူတောင်းထားတဲ့အဖြေကို

နှင်းမြဆုံးဖြတ်ပြီးပြီ”

” ဟာ ဟုတ်လားနှင်းမြ

ကိုယ်ပျော်ရမှာလား ဝမ်းနည်းရမှာလား”

“ပျော်လိုက်ပါတော့ကိုအောင်သူရယ်”

“ဟင်ဒါ ဒါဆို နှင်းမြကိုယ့်ကိုချစ်တယ်ပေါ့”

“ဟုတ်ကဲ့ချစ်ပါတယ်”

“ဝမ်းသာလိုက်တာနှင်းမြရယ်”

“ဟာ အစ်ကို မဖက်နဲ့လေ သူများတွေမြင်

သွားဦးမယ်”

“ဟိတ် မိပြီ ဒီနှစ်ယောက်ပျောက်ပျောက်သွားတာဒင်းတို့က

ဒီလိုတွေတောင်ဖြစ်နေပြီကိုး”

“ဟယ် ဒေါ်တုတ်နဲ့ခွာညို ဘယ်တုန်းက

ရောက်နေတာလဲ”

“ဟဲ ဟဲ တို့ကရောက်နေတာကြာပေါ့

ကြည့်လို့ကောင်းလို့ ချောင်းကြည့်နေတာ”

” ဟင် ခွာညိုတို့က ကျွန်တော်တို့ကိုချောင်းနေကြတာပေါ့ မကောင်းဘူးဗျာ ခင်ဗျားတို့”

“ကောင်းပါတယ်ဟဲ့ ကောင်းလွန်းလို့

ကိုချောင်းကြည့်နေတာ”

ထိုစဉ်

“ဒါက ဘယ်လိုဖြစ်နေကြတာလဲ”

“ဟင် ကိုကျော်နိုင် ”

“အလုပ်ချိန်မှာအလုပ်မလုပ်ပဲအလေ

နက်တောလိုက်နေကြတာကောင်းသလား

နောက်တစ်ခါဆိုအကုန်လုံးအလုပ်ထုတ်ပစ်မယ်

ကြားလား”

“ဟုတ်ကဲ့ကြားပါတယ်ဗျ/ရှင့်”

အကုန်လုံးပြိုင်တူဖြေလိုက်ကြရသည်

တစ်ကယ်တော့ကိုကျော်နိုင်က

နှင်းမြကိုတစ်ဖက်သတ်ကြိုက်နေတာ

ဖြစ်သည် အခုလည်းအောင်သူနဲ့နှင်းမြ

ချစ်သူတွေဖြစ်နေတယ်ဆိုတာ

သိသွားတော့အခုလိုမစားရတဲ့အမဲ

သဲနဲ့ပက်ချင်းဖြစ်သည်။

အဲဒီနောက်ပိုင်းအောင်သူကို

မဲတော့သည်ဘာလုပ်တာအဆင်မပြေ

ဘူးညာလုပ်တာအဆင်မပြေဘူးဆိုပြီး

ရန်ရှာတော့သည်အောင်သူလည်းစိတ်

ညစ်မိပေမယ့်အလုပ်ကထွက်ချင်သည်

ဒါပေမယ့်လည်းမဖြစ်ပေစားဝတ်နေရေး

အတွက်ကြိတ်မှိတ်ကာလုပ်နေရသည်။

•••••••

ဒီလိုနဲ့နောက်တစ်ရက်ရောက်တော့

အောင်သူတစ်ယောက်ခေါင်းမူးလို့

အလုပ်လုပ်ရင်းခဏနားနေသောအချိန်။

“အောင်သူမင်းဒါဘာလုပ်နေတာလဲ”

“ခင်ဗျာ ကျွန်တော် ကျွန်တော်ခေါင်းမူး

လို့ခဏနားနေတာပါကိုကျော်နိုင်”

“မင်းလျှောက်လွှဲချက်တွေပေးလှချည်လား

မင်းအလုပ်ထဲမှာခေါင်းမူးပြမယ်

ပြီးရင်လုပ်အားခကိုအပြည့်ယူကြတယ်

ဒါမင်းတို့အကြံမလား သွား အောင်သူ

ငါမင်းကိုငါ့အလုပ်မှာဆက်မထားနိုင်

တော့ဘူး ငါမင်းကိုအလုပ်ထုပ်တယ်”

“ဗျာ မလုပ်ပါနဲ့ကိုကျော်နိုင်ရယ်

်ကျွန်တော်တောင်းပန်ပါတယ်နောက်မဖြစ်စေ

ရပါဘူးအလုပ်တော့မထုပ်ပါနဲ့ဗျာ”

“မလိုချင်ဘူးကွာ ကဲမင်းသွားတော့”

အောင်သူလည်းတောင်းပန်လို့မရတော့တဲ့အဆုံး

ခေါင်းငိုက်စိုက်ချကာပြန်လာရတော့သည်။

အောင်သူ့ကိုအလုပ်ထုတ်လိုက်တဲ့

အတွက်ကြောင့်အလုပ်သမားများ

စိတ်မကောင်းဖြစ်နေကြသည်

သူတို့လည်းဘာမှမတတ်နိုင်ကြပေ

နှင်းမြလည်းအောင်သူအတွက်ပို၍

စိတ်မကောင်းဖြစ်နေရလေသည်။

••••••

ဒီကနေ့နှင်းမြတစ်ယောက်အလုပ်ပြန်တာ

မိုးချုပ်သွားလေသည်။မနက်ဖြန်အတွက်ပစ္စည်းတင်

စရာရှိတယ်ဆိုကာအလုပ်ပိုပြီးလုပ်နေရတဲ့

အတွက်ကြောင့်မိုးချုပ်သွားခြင်းပင်။

ရွာနဲ့ကွမ်းခြံကလည်းရွာကိုရောက်အောင်

ခြေလျင်သွားရင်အနည်းဆုံးနာရီဝက်တော့သွားရသည်၊

နှင်းမြမိန်းမသားပီပီအိမ်ပြန်လမ်း

မှာတစ်ယောက်တည်းကြောက်စိတ်တွေ

ဝင်လာမိသည်။

“အင်း အရင်နေ့တွေကဆို

အကိုအောင်သူလိုက်ပို့ပေးနေကြ

ဒီနေ့တော့သူမရှိတော့ငါအားငယ်လိုက်

တာခွာညိုတို့ကလည်းအလုပ်မဆင်းကြ

ဘူးဆိုတော့ငါတစ်ယောက်တည်းပဲ

အားတင်းပြီးပြန်ရတော့မှာပေါ့လေ”

နှင်းမြတစ်ယောက်ကိုယ့်ကိုကိုယ်

အားတင်းရင်အိမ်ပြန်လာတုန်း

လမ်းခုလတ်အရောက်မှာတော့

“ဟင် ဟိုရှေ့ကလာနေတာကိုကျော်နိုင်

ထင်တယ်”

“ဟိတ် နှင်းမြတစ်ယောက်တည်းလား

ကိုကျော်နိုင်လိုက်ပို့ရမလား”

“ဟင် အရက်စော်ကနံဟောင်နေတာပဲ”

“ရပါတယ် ကျွန်မဘာသာပြန်ပါ့မယ်

ရှင်လိုက်ပို့စရာမလိုပါဘူး”

“နှင်းမြရယ်ကိုယ်ကနှင်းမြကိုချစ်လွန်းလို့

ဂရုစိုက်ပေးနေတာပါ”

ကိုကျော်နိုင်ကပါးစပ်မှလည်းပြော

လက်ကလည်းနှင်းမြ၏လက်အားကိုင်ဆွဲထားလေသည်။

“အို မလိုပါဘူး ဖယ်နော်ရှင်ဒါဘာလုပ်တာလဲလွှတ်

စမ်းကျွန်မကို”

“နှင်းမြကလည်းချစ်လို့ပါ”

“ရှင် မနှောင့်ယှက်နဲ့နော် ကိုယ့်လမ်းကိုသွားပါ

မဟုတ်ရင်ကျွန်မအော်လိုက်မှာ”

“အော်လေကြိုက်သလောက်အော်

ဒီလမ်းမှာအခုအချိန်ဘယ်သူမှမလာ

တော့ဘူး လာစမ်းပါနှင်းမြရယ် ကိုကျော်နိုင်

ရဲ့အချစ်ကိုသာလက်ခံလိုက်စမ်းပါ

နှင်းမြလိုချင်တာမှန်သမျှဖြည့်ဆည်းပေးနိုင်ပါတယ်

နှင်းမြရယ်”

“ဖြန်း”

“ရှင်ကျွန်မကိုဘယ်လိုမိန်းမစားမျိုးထင်နေလဲ”

“ဟင် နင်ငါ့ပါးကိုရိုက်တယ်”

“ကဲ ရိုက်ဦးရိုက်ဦး”

“အမယ်လေး ”

နှင်းမြလဲကျသွားလေသည်။

နှင်းမြအား ကိုကျော်နိုင်တစ်ယောက်

အားပါလှသည့်ရိုက်ချက်များနှင့်ပြန်ရိုက်ကာ

တောလမ်းထဲတွင်နှင်းမြအားခြေတော်တင်ဖို့

ကြံစည်လေတော့သည်။

‘ကယ်ကြပါဦးရှင်”

“ကဲအော်တဲ့ပါးစပ်ပိတ်ပစ်ရမယ်”

နှင်းမြရဲ့ပါးစပ်ကိုလက်နဲ့ပိတ်ကာအသံမထွက်

နိုင်အောင် ကြိုးစားလေသည်။

ကိုကျော်နိုင်ကနှင်းမြ၏ ပါးစပ်တင်မဟုတ်ပဲ

နှာခေါင်းပေါက်ကိုပါလက်ဖြင့်ပိတ်ထားသလို

ဖြစ်သည့်အတွက်ကြောင့် နှင်းမြတစ်ယောက်

အသက်ရှူမရဖြစ်ပြီးရုန်းရင်းကန်ရင်း နောက်ဆုံးတွင်ငြိမ်ကျသွားတော့သည်။

နှင်းမြတစ်ယောက်မလှုပ်တော့မှ

“နှင်းမြ နှင်းမြ ”

“ဟာခေါ်လို့လည်းမရတော့ဘူးဒုက္ခပဲ

ငါ ဘယ်လိုလုပ်ရပါ့မလဲ”

ကိုကျော်နိုင်တစ်ယောက်တဏှာ

ခိုင်းစေသမျှပြုပြီးမှတုန်လှုပ်နေမိတော့

သည်။

“ဟုတ်ပြီသူ့အလောင်းကိုတောလမ်းဘေးကခြုံပုပ်

တွေကြားထဲမြုပ်ပစ်ရမယ် ငါ အလောင်းမြုပ်ဖို့

အတွက်ပေါက်ပြားလိုတယ် ဟုတ်ပြီ ဟုတ်ပြီ

ငါ့ခြံကိုပြန်ပြီးယူလို့ရတာပဲ”

ကိုကျော်နိုင်တစ်ယောက်အမူးတွေပင်

ပြေသွားကာ နှင်းမြရဲ့အလောင်းအား

အစဖျောက်ရန် သူဖခင်ပိုင်ဆိုင်သော

ကွမ်းခြံသို့ အမြန်လျှောက်လာခဲ့လေသည်။

ခြံထဲရောက်တော့ပစ္စည်းများသိုလှောင်

တဲ့အခန်းထဲဝင်ကာပေါက်ပြား

တစ်လက်အားယူဆောင်လာတော့သည်၊

ကိုကျော်နိုင်တစ်ယောက်

ပေါက်ပြားအားကိုင်ကာအပြေးတစ်ပိုင်း

ဖြင့်နှင်းမြအလောင်းရှိသောနေရာကိုပြန်လာပြီး

နှင်းမြရဲ့အလောင်းအားမြေမြုပ်ရန် စတင်တူးဖော်လေတော့သည်။

“ဒုတ် ဒုတ် ဒုတ်”

မြေတူးလိုက် ပတ်ဝန်းကျင်အခြေအနေကို

ကြည့်လိုက်ဖြင့် ကိုကျော်နိုင် ချွေးပြန်နေတော့

သည်။

……………………………

“ဒီနေ့ငါ့သမီးလေးပြန်မလာသေးပါလား

မိုးလည်းချုပ်နေပြီ ဒီကောင်မလေးဘယ်တွေများ

လည်နေပါလိမ့်”

နှင်းမြရဲ့မိခင်ဖြစ်သူမှာသမီးဖြစ်သူ

ပြန်မလာလို့စိတ်ပူနေရှာသည်

သူတို့မှာဒီသားအမိနှစ်ယောက်သာရှိ

လေတော့သံယောဇဉ်ပို၍ကြီးကြသည်။

“အင်းဒီအတိုင်းနေလို့တော့မဖြစ်သေးဘူးငါ့သမီးကိုရှာရမယ်”

ထို့ကြောင့်ရွာထဲမှာနှင်းမြနဲ့လုပ်ဖော်ကိုင်

ဖက်သူငယ်ချင်းတွေအိမ်ကိုသွားမေးရတော့သည်။

“ခွာညိုရေ သမီးခွာညို””

“ဟယ်အရီးပါလားညကြီးမိုးချုပ်

ဘာလာလုပ်တာလဲ”

“အေး နှင်းမြအခုချိန်ထိပြန်မလာလို့

သမီးတို့အိမ်မှာများရှိသလားလို့လာ

မေးတာ”

“မလာဘူးအရီးရဲ့ပြီးတော့ခွာညိုလည်း

ိသိပ်နေမကောင်းလို့ဒီကနေ့အလုပ်မသွားဘူး

အရီးရဲ့”

‘”ဒါဆိုနှင်းမြဘယ်တွေသွားတတ်သေးလဲ

ခြာညို”

“အောင်သူတို့အိမ်ကိုသွားရှာကြည့်ပါလား

အရီးရဲ့”

“ဘယ်ကအောင်သူလဲခွာညိုရဲ့အရီး

မသိဘူး”

“အောင်သူနဲ့နှင်းမြကချစ်သူတွေလေအရီးရဲ့

ဒါကြောင့်အောင်သူ့အိမ်မှာကိုများ

ဝင်နေသလားမှမသိတာ

အရီးမသိရင်ခွာညိုလိုက်ပို့မယ်လေ”

“အေးအေး လိုက်ပို့စမ်းပါအေ”

ထို့ကြောင့်ခွာညိုလည်းနှင်းမြ၏မိခင်အား

အောင်သူအိမ်ကိုလိုက်ပို့လေသည်။

“အောင်သူရေ အောင်သူ”

“ဟာ ခွာညိုနဲ့အန်တီပါလား”

“ဟဲ့အောင်သူနင့်အိမ်မှာနှင်းမြရှိလား”

“မရွိပါဘူး ဘာလို့လဲ”

“အခုနှင်းမြ အိမ်ပြန်မရောက်သေးလို့တဲ့

အရီးကလိုက်ရှာနေတာ”

“နှင်းမြကဘယ်မှမသွားတတ်ပါဘူး

အလုပ်ပြီးရင်အိမ်တန်းပြန်နေကြပါ”

“အရီးလည်း ခွာညိုအိမ်လိုက်ပြီးမေးတာ

ခွာညိုက ရောက်မလာဘူးဆိုလို့

လူကလေးအိမ်ရောက်လာတာ”

“နှင်းမြတစ်ခုခုများဖြစ်နေပြီလားမသိဘူး

လုပ်ပါဦးအောင်သူရဲ့ ငါတို့ဒီအတိုင်းနေလို့

မဖြစ်ဘူး”

“ဒါဆိုကျွန်တော်တို့ရွာလူကြီးကို

အကြောင်းကြားပြီးလိုက်ရှာရမယ်”

“အေးအဲဒါကောင်းတယ်”

ရွာလူကြီးအိမ်သို့သုံးယောက်သား

ထွက်လာကြတော့သည်။

“ရွာလူကြီး ဗျို့ ရွာလူကြီး”

“ဟ အောင်သူအော်ကြီးဟစ်ကျယ်နဲ့

ဘာကိစ္စတုံး”

“ဒီလိုရွာလူကြီးရဲ့ နှင်းမြကွမ်းခြံကအပြန်

ပျောက်နေလို့အခုထိအိမ်ကိုပြန်မရောက်သေးလို့

ရွာလူကြီးကိုအကူအညီလာတောင်းတာ”

“ဟေ မင်းတို့သေချာရှာကြရဲ့လား”

“ရှာပါတယ်သူကြီးရယ်ကျွန်မတို့ရှာတာတစ်ရွာလုံး

နှံ့နေပြီ မတွေ့ဘူး”

“ဟုတ်တယ် ရွာလူကြီးရယ် ကျွန်မလည်း

အရီးနဲ့အတူရှာပြီးပြီ ဘယ်မှာမှမတွေ့ဘူး

တော်ကြာ နှင်းမြတစ်ခုခုဖြစ်နေမှာစိုးတယ်”

“အေးဒါဆိုရွာထဲကကာလသားတွေစုပြီး

ဝိုင်းရှာကြတာပေါ့ရွာထဲမတွေ့လည်း

ရွာအပြင်ထွက်ရှာမယ်ကွာ”

••••••

ဒီလိုနဲ့ရွာထဲရှိကာလသားတွေအကုန်လုံး

မီးတုတ်နဲ့ရှာသူရှာဓာတ်မီးဖြင့်

ရှာသူရှာကြနဲ့တစ်ရွာလုံးဗြောင်းဆန်နေသည်

“သူကြီးရွာထဲလည်းရှာတာနှံ့နေပြီမတွေ့ဘူးရွာ

အပြင်ထွက်ရှာကြည့်ရမယ်”

ကာလသားခေါင်းကပြောလိုက်ခြင်းပင်

“ကဲအားလုံးရွာအပြင်ထွက်ရှာကြစို့ဟေ့”

ရွာလူကြီးကအော်ဟစ်ပြောလိုက်တော့

ကာလသားတွေအပါအဝင်အောင်သူ

လည်းချစ်သူပျောက်အားရှာရတော့သည်။

နှင်းမြရဲ့မိခင်ကိုတော့အိမ်ကနေပဲစောင့်

ခိုင်းထားကြသည်။

ဲဤသို့ဖြင့် ရွာပြင်ရောက်လာတော့သည်။

“ကဲ သာလှတို့မင်းတို့အဖွဲ့တောလမ်းရဲ့မြောက်ဘက်

မှာရှာကြငါတို့အဖွဲ့ကတောင်ဘက်တောလမ်းမှာရှာမယ်”

အောင်သူကလည်းတောင်ဘက်အဖွဲ့ထဲရှာဖွေသည်

နာရီဝက်နီးပါရှာသော်လည်းမြောက်

ဘက်အဖွဲ့မှာရှာလို့မတွေ့ပေ။

တောင်ဘက်အဖွဲ့ကတော့ဇွဲကောင်းကောင်းနှင့်

တောထဲခြံပုတ်များအကြားထိရှာလေသည်။

အောင်သူလည်း တောထဲမှခြုံပုတ်တွေအကြား

အတင်းတိုးဝင်၍ရှာလေသည်

အောင်သူ၏အရှေ့ တစ်ပေခန့်အကွာ၌ရှိနေသော

ခြံပုတ်နားရှာမည်အပြု

“ကဲပြန်ကြစို့ဟေ့ မတွေ့ဘူး အောင်သူလာပြန်ကြရအောင် မတွေ့တော့တဲ့အဆုံး

မြို့ကရဲစခန်းကိုအကြောင်းကြားရမယ်”

ကာလသားခေါင်းဆောင်ကအော်ဟစ်သတိပေး

လိုက်သည်။

ရွာထဲမှလူတွေအားလုံးပြန်သွားကြလေပြီ

အောင်သူမြင်ခဲ့ရတဲ့ခြုံပုပ် လေးရဲ့ မြေကြီးအောက်မှာတော့ နှင်းမြ၏ရုပ်အလောင်းလေးကတော့ ကျန်နေခဲ့လေသည်။

“အရီးရေ ကျွန်တော်တို့လည်းအစွမ်းကုန်

ရှာခဲ့ပါတယ်ဒါပေမယ့်နှင်းမြကိုမတွေ့ဘူး”

“အမလေး ငါ့သမီးလေးဘယ်တွေများရောက်နေတာလဲ

သမီးရယ်”

“အရီးရယ်ငိုမနေပါနဲ့ ခွာညိုတို့နှင်းမြကို

ပြန်တွေ့မှာပါ”

“အမလေးဘုရားသိကြားမလို့

ကျွန်မသမီးလေး ဘေးမသီရန်မခပါစေနဲ့”

မိခင်ဖြစ်သူဘယ်လိုပဲဆုတောင်းပေမယ့်

နှင်းမြကတော့ လူ့လောကကြီးထဲမှ

ထွက်သွားရပြီဆိုတာမည်သူမှမသိကြသေးပေ။

အောင်သူတစ်ယောက်အိပ်မပျော်သေး

ပေချစ်သူပျောက်နေတဲ့သူ့မှာအိပ်မပျော်

နိုင်သေးပါ


Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.