အရင်ကထက်ပိုပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ ဒါတွေလုပ်ပါ

လူတိုင်းကိုယ့်ရဲ့တနေ့တာ ပျော်ရွှင်စွာဖြတ်သန်းချင်ကြမှာသေချာပါတယ်။ ဘဝမှာပျော်ပျော်နေနိုင်ဖို့ နေ့စဉ်အခုပြောပြမယ့် အချက်လေးတွေလုပ်ဆောင်ကြည့်ပါ။ သင့်ရဲ့ နေ့ရက်တွေက အရင်ကထက်ပိုပြီးပျော်ရွှင်မှုကိုခံစားရပါလိမ့်မယ်။ ဘယ်လို အရာတွေလဲဆက်ကြည့်လိုက်ရအောင်။

Source : My Jewish Learning

Portrait of a young happy man relaxing on the grass with his hands under the head

အိပ်ရာစောစောထခြင်းအလေ့အထက သင့်ရဲ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေများစွာရှိပြီး သင့်ရဲ့စိတ်ခံစားမှုကိုမြှင့်တင်ပေးပါတယ်။ တနေ့တာလုံးတက်ကြွလန်းဆန်းနေချင်တယ် ပျော်ရွှင်တဲ့ခံစားမှုမျိုးရချင်တယ်ဆိုရင် အိပ်ရာစောစောထပါ။

ခန္ဓာကိုယ်ရဲ့ ၆၇ ရာခိုင်နှုန်းကရေဓာတ်ဖြင့်ဖွဲ့စည်းထားတာဖြစ်ပြီး ရေများများသောက်ခြင်းက စွမ်းအင်ပြည့်ဝခြင်း တက်ကြွလန်းဆန်းခြင်း စိတ်ပျော်ရွှင်ခြင်းတွေပေးစွမ်းပါတယ်။

ဆိုရှယ်မီဒီယာတွေကို သင့်ရဲ့တစ်နေ့တာအချိန်ဘယ်လောက်သုံးနေမိပြီလဲ။ အချိန်ကြာမြင့်စွာဆိုရှယ်မီဒီယာသုံးတာက စိတ်ဖိစီးမှုနဲ့ အဆိုးမြင်စိတ်တွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဆိုရှယ်မီဒီယာအသုံးပြုခြင်းကိုလျော့လိုက်ပါ။

Source : FreeDesignFile

ပြုံးတယ်ဆိုတာနှစ်လိုဖွယ်ကောင်းတဲ့ ပျော်ရွှင်မှုရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ တချို့သူတွေဆိုရင် တနေ့တာဘယ်လောက်ပင်ပန်း နေပါစေအပြုံးမပျက်ကြပါဘူး။ဘာလို့လဲဆိုတော့အပြုံးက ပင်ပန်းနွမ်းနယ်ခြင်းတွေကိုလျော့ချပေးပြီး ပျော်ရွှင်မှုကိုခံစားရစေလို့ပါ။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.