ဆရာ မြသန်းတင့်ရဲ့ “မမ

ရသစာပေရေးသားရာမှ အထူးပြောင်မြောက်လှတဲ့ ဆရာ မြသန်းတင့်ရဲ့ “မမ” ဝတ္ထုမမ ဟာ အထက်တန်းကျပြီး နုပျိုလှပတယ်။ အထက်တန်းလွှာအမျိုးသမီး ပီပီ တည်ငြိမ် ကျက်သရေ ရှိပြီး Social ကျတယ်။

မမမှာလင်နဲ့ သားနဲ့ ရှိတာတောင် မမ ရဲ့ အလှကိုတင်္ဒဂ မြင်ရယုံနဲ့ မမ နဲ့ ဆို ငရဲထိတောင်သွားရဲတယ်ဆိုသူ လူရွယ်ပညာတတ်လူကုန်ထံ ကိုသက်ဆွေ။

“ပြတ်သားတာမပြတ်သားတာက အရေးမကြီးပါဘူးမောင်၊ မောင်နဲ့ မမ ဟာ တစ်ယောက်ကို တစ်ယောက်ဘယ်လောက်ချစ်ကြသလဲ ဆိုတာသာ အရေးကြီးတာပါ၊

ဒီဘဝရောက်မှ မောင်ကဘာလို့ ဒီလောက်ပြတ်ပြတ်သားသားဖြစ်ချင်နေရတာလဲ လင်မယားလိုနေပြီးနောက် ဘာများပြတ်သားစရာ လိုသေးလဲ” တကယ်တော့ မမဟာ “လေးနက်သော ပြဿနာများကို စဉ်းစားတိုင်း ဝေးဝေးသို့လှမ်း မကြည့်ဘဲ မျက်လွှာ ကို အောက်ချထား တတ်ကြောင်း ခင်ရီရီ မကြာခင်က မှ သိလိုက်သည်”

မမရဲ့ဘဝမှာ အချစ်ဆုံး သတ္တဝါ နှစ်ဦးဟာ သားလေး တူးတူး နဲ့ ကိုသက်ဆွေ သာ ဖြစ်ကြောင်း မမ သိလိုက်တဲ့ အခါချစ်ခြင်းမေတ္တာ နှစ်ခု ကြားဘယ်လိုလွန်ဆွဲခဲ့ရသလဲ လောကမှာ လှသလောက် လိုတရသလောက် သမုဒရတဏှာမီးဟာထပ်တူထပ်မျှအချိုးကျ ရိုက်ချက်

ပြင်းတဲ့အခါ မမ ရဲ့ ဘဝ နိဂုန်းဘယ်လို ဘယ်ပုံ အဆုံးသတ်ခဲ့ရတာကိုရေးဖွဲ့ထားတဲ့ဆရာ မြသန်းတင့် ရဲ့ “မမ” ဝတ္ထု ကို ဖတ်ဖြစ်အောင် ဖတ်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်ရှင့်။

အမျိုးသမီးတစ်ဦးဟာအရမ်းလှပီး emotion များတဲ့အခါ ဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့ လူ့ သဘာဝ ကို ဖော်ညွှန်းရေးဖွဲ့ထားတာကြောင့် ဖတ်သင့်ဖတ်ထိုက်ပါကြောင်းလည်းညွှန်းဆိုချင်ပါတယ်။

PDF နဲ့ ဖတ်တာ ဖြစ်လို့ Photo Crd ပါရှင့်

ဆရာ မြသန်းတင့်ရဲ့ “မမ PDF Free Download here

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.