ဆိုးလ်မြို့ရှိ တရုတ်သံရုံးအရှေ့မှာပြုလုပ်တဲ့ မြန်မာ့အရေးအတွက် ဆန္ဒပြပွဲကိုလာရောက်ပြီး ပူ းပေါင်းပါဝင်ခဲ့တဲ့ တောင်ကိုရီးယားအနုပညာရှင်တစ်ဦး

ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေက အန္တရာယ်တွေကြားကနေ တိုက်ပွဲဝင်နေကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း သူတို့တတ် နိုင်သ လောက် တာဝန်ကျေပွန်နေကြတာလည်း ဖြစ်ပါတယ် ။

မနေ့ကဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ တရုတ်သံရုံးအရှေ့မှာမြန်မာ့နွေဦးတော်လှန်ရေးထောက်ခံသူများ (ကိုရီးယား)အဖွဲ့က ဦးဆောင်ပြီး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ တောင်ကိုရီးယားနိုင်ငံကအနုပညာရှင်တစ်ဦးကလည်း ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ် ။သူ့ရဲ့နာမည်ကတော့ Lee Seo Ho ဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံက ‌Model ၊ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ် ။

ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုပွဲမှာ တောင်ကိုရီးယားရောက် မြ န်မာတွေနဲ့အတူ လာရောက်အားဖြည့်ပေးခဲ့တာပဲဖြစ်ပါတယ် ။

Lee Seo Ho နဲ့ မြန်မာအဖွဲ့ကတရုတ်သံရုံးအရှေ့မှာဆန္ဒထုတ်ဖော်ရင်းအိတ်ဖွင့်ပေးစာလည်း ပေးအပ်ခဲ့ကြတာ ဖြစ်ပါတယ် ။

Lee Seo Ho ကတော့ ဆန္ဒထုတ်ဖော်ပွဲကပုံရိပ်တွေကို မျှဝေပေးခဲ့သလို Facebook Page ကတစ်ဆင့်တိုက်ရိုက် Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ် ။မြန်မာနိုင်ငံအရေးအတွက်အခုလိုကူညီပေးတဲ့ Lee Seo Ho ကို မြန်မာနိုင်ငံက ပြည်သူတွေကလည်း ကျေးဇူးတင်စကားတွေ ပြောပေးခဲ့ကြတာ ဖြစ်ပါတယ်

တရုတ်သံရုံးအရှေ့မှာပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ မင်းသား Lee Seo Ho ရဲ့ပုံရိပ်တွေကို ပြ န်လည်မျှဝေပေးလိုက်ပါတယ်။

Crd…

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.