မြန်မာ့အရေး အကိုင်အတွယ်မှားရင် ပြည်တွင်းစစ် ဖြစ်နိုင်တယ်လို့ တရုတ်သတိပေး

မြန်မာနိုင်ငံက အခြေအနေဟာ အကိုင်အတွယ်မှားရင် ဖရိုဖရဲနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနိုင်တဲ့ အခြေအနေအထိ ရောက်ရှိသွားနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Zun က တနင်္လာနေ့မှာ သတိပေးပြောဆိုလိုက်တယ်လို့ AP သတင်းတရပ်မှာ မနေ့က ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာမေလအတွက်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံအရေးဟာခုထက် ပိုပြီးမဆိုးဝါးအောင်သံတမန်နည်းလမ်းတွေနဲ့ရှောင်ရှားနိုင်လိမ့်မယ်လို့ယုံကြည်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတင်းမာပြီး ထိတ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာမယ်ဆိုရင် ထိခိုက်သေဆုံးမှုတွေများလာပြီးပြည်တွင်းစစ်ဖြစ်နိုင်တဲ့ အခြေအနေအထိရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်က စစ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေတင်ပြထားတဲ့ အချက်၅ချက်ကို လက်ခံပြီး ဆောင်ရွက်ဖို့လည်း သဘောတူကြ ပါတယ်။

မြန်မာ့အရေးမှာ အိမ်နီးချင်းနိုင်ငံတွေက အခြေအနေကို သဘောပေါက်နားလည်သလို အာဆီယံနိုင်ငံတွေက အဓိကအခန်းကဏ္ဍမှာ ပါဝင် သင့် တယ်လို့ တရုတ်သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာတရုတ်ရဲ့အိမ်နီးချင်းမိတ်ဆွေဖြစ်ပြီး တရုတ်အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်တာကိုလည်းမလိုလားဘူးလို့ ကုလသမဂ္ဂဆိုင်ရာတရုတ်သံအမတ်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

crd : rfa

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.