“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင် ကတည်းက”လို့ ဆောင်း ဦး လှိုင် ပြော…

“စီးပွားရေး ပြိုလဲတော့မယ်လို့ ဆိုကြတယ်။ ဘယ်တုန်းကမှလည်းရိုးရိုးသားသားကြိုးစားခဲ့သူတွေရဲ့စီးပွားရေးဟာမကောင်းခဲ့ပါဘူး။ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားနဲ့အစစအရာရာမှာနောက်ကျကျန်ရစ်ခဲ့တာပါ”“စစ်အာဏာရှင်နှစ်ပေါင်း ၆၀ ကျော် ကြီးစိုးပြီး အရပ်သားအစိုးရ (၅) နှစ် လုပ်ခွင့်ရခဲ့တယ်။

အရပ်သားအစိုးရဟာအာဏာအပြည့်အဝ မရခဲ့ဘူး။ ဒါကြောင့်တိုင်းပြည်ဒုက္ခပင်လယ် ဝေတာ အခုမှ မဟုတ်၊ အရင်ကတည်းက ဖြစ်ပါ တယ်”လို့ဆောင်းဦးလှိုင်က ပြောပါတယ်။ပြည်သူဟာအသက်မသေ၊ မဝရေစာစားပြီး စစ်အာဏာရှင်တွေလုပ်သမျှခံခဲ့ရတာကြောင့် ကြိုးစားတော်လှန်ရမယ်လို့ ဆိုပါတယ်။

“ပြည်သူဟာ အသက်မသေ၊ မဝရေစာစားပြီး စစ်အာဏာရှင်တွေ လုပ်သမျှ ခံခဲ့ရတယ်။ ဒီတခါတော့ ငြိမ်မခံတော့ဘူးလို့ ဆုံးဖြတ်ထားကြတယ်။ ဒုက္ခအားလုံးရဲ့အဓိကတရားခံဟာစစ်အာဏာရူးတွေနဲ့ သူတို့ ဩဇာခံတွေသူတို့ မိသားစုတွေအပြင် ခရိုနီတွေ ဖြစ်တယ်”

“ပြည်သူနဲ့ တသားတည်း ကျနော်တို့ ဆက်လက် ကြိုးစား တော်လှန်နေပါ့မယ်။ လွတ်မြောက်ရာဒေသမှာ ဆိုပေမယ့် ဘယ်တော့မှ သွေးမအေးပါဘူးလို့ ကတိပေးလိုက်ပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးအတွက်လည်း မေလအတွင်း ပြည်ပမှာ ဖျော်ဖြေပွဲ လုပ်ရင်း ရန်ပုံငွေ ရှာဖွေပေးသွားမယ်လို့ ဆိုပါတယ်။

Credit to original writing

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.