မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတဒေါက်တာ ဦးဘဦး

မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတဒေါက်တာ ဦးဘဦး

ဒေါက်တာဘဦးသည် ၁၈၈၇ ခုနှစ်၊ မေလ (၂၆) ရက် ကြာသာပတြေးနေ့တွင့် အဖ ဦးဘိုးလွ၊ အမိ ဒေါ်ညွန့် တို့မှမွေးဖွားခဲ့ပါသည်။

ဒေါက်တာ ဘဦးသည် ဧရာဝတီ တိုင်း ပုသိမ်ဇာတိဖြစ်ပြီး ဗမာ လူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူ ဖြစ်ပါသည်။ဒေါက်တာ ဘဦးသည် ရန်ကုန် အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့ပြီးလျှင် ရန်ကုန်ကောလိပ်သို့ တက်ရောက်သင်ကြားခဲ့ဖူးသည်။

၁၉၀၇ ခုနှစ်တွင် ကိန်းဘရစ် ကောလိပ်သို့တက်ရောက်ခဲ့ကာ ၁၉၁၂ ခုနှစ်တွင် LLB(MA) ဒေါက်တာဘွဲ့ကို ရရှိခဲ့လေသည်။၁၉၁၃ ခုနှစ်တွင် ရှေ့နေလောကသို့ ဝင်ရောက်ခဲ့ပြီး ၁၉၂၁ ခုနှစ်အထိ ရန်ကုန်မြို့၌ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။၁၉၂၁ ခုနှစ်တွင်ခရိုင်ရာဇဝတ် အုပ် တရားသူကြီး အဖြစ်ခန့်အပ်ခံရပြီး ၁၉၂၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြည်သူဥပေး အကျိုးဆောင်ဖြစ်၍ ၁၉၃၀ ပြည့်နှစ်တွင် တရားလွှတ် တော်ချုပ် တရားသူကြီး ဖြစ်ခဲ့ဖူးသည်။

၁၉၃၁ ခုနှစ်တွင် အထူးခုံရုံးအဖွဲ့ဝင် ၁၉၄၈-၅၂ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတရားသူကြီးချုပ် စသည့်ရာထူးများကို ခန့်အပ်ခြင်းခံခဲ့ရလေသည်။၁၉၄၇ ခုနှစ်တွင် ဗြိတိသျှအစိုးရက ဓားဆုနှင့်ဆာ ဘွဲ့ချီးမြှင့်ခံရပြီး သူကောင်းပြုခံစားရသူ ဖြစ်လေသည်။

၁၉၅၂ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရလေသည်။ပြည်ထောင် စု မြန်မာနိုင်ငံတော် သမ္မတတာဝန်ဖြင့် (၅) နှစ် တာဖြတ်သန်းခဲ့ပြီး ၁၉၅၇ ခုနှစ် ၊ မတ္လ (၁၂) ရက်အင်္ဂါ နေ့တွင် သမ္မတတာဝန်မှ အနားယူခဲ့ လေသည်။

၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ချီးမြှင့်သော ဟိတ္တိသေနဘွဲ့နှင့် ပြည်ထောင်စုမြန်မာနိုင်ငံက ချီးမြှင့်သော အဂ္ဂမဟာသရေစည်သူ ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင် ဘွဲ့များကို ချီးမြှင့်ခံခဲ့ရသည်။

၁၉၆၀ ပြည့်နှစ်တွင် အစိုးရအတိုင်ပင်ခံကော်မတီဥက္ကဌအဖြစ် ခန့်အပ်ခြင်းကိုခံခဲ့ရပြီး ကျွန်ုပ်၏ဗမာပြည်၊ သမ္မတ၏ ကိုယ်ရေးမှတ်တမ်း စာအုပ္ကို ရေးသားထုတ်ဝေခဲ့လေသည်။

၁၉၁၃ ခုနှစ် ၊ ခရိုင်တရားသူကြီးဟောင်း ဦးအောင်ဇ၏ သမီး ဒေါ်ငြိမ်းနှင့်လက်ထပ်ခဲ့ရာသားနှစ်ယောက်ထွန်းကားခဲ့လေ၏။

၁၉၂၂ ခုနှစ်တွင် ဇနီးဖြစ်သူ ဒေါ်ငြိမ်းကွယ်လွန်ခဲ့ပြီးနောက် ၁၉၂၃ ခုနှစ်တွင် ရိက္ခာတော်ရ အရေးပိုင် ဦးဆိုးဖေ သမီးဒေါ်အေးနှင့် ဆက်လက် လက်ထပ်ရာ သမီး(၃) ယောက် သားနှစ်ယောက် ထွန်းကားခဲ့ပြန်သည်။

၁၉၄၁ ခုနှစ်တွင် ဒုတိယဇနီး ဒေါ်အေး ကွယ်လွန်ခဲ့သော်လည်း နောက်ထပ်အိမ်ထောင်မပြုတော့ဘဲ အမှတ် (၅၄) ၊ ဗဟန်းမြို့နယ် ၊ ရွှေတောင် ကြားလမ်း၊ ရန်ကုန်တွင်နေထိုင်ပြီး ၁၉၆၃ ခုနှစ် နိုဝင်ဘာလ (၉) ရက် စနေနေ့တွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်မှာ အသက် (၇၆) နှစ် ရှိပြီဖြစ်သည်။

ပြည်ထောင်စုမြန်မာ နိုင်ငံဒုတိယသမ္မတဒေါက်တာဘဦးသည် ၁၉၅၂ ခုနှသ် ၊ မတ္လ (၁၃)ရက် ဗုဒ္ဓဟူးနေ့အထိ သမ္မတ တာဝန္ကို ထမ်းဆောင် ရာ ဗျူရိုကရက်စိတ်အပြည့်အဝရှိသူသမ္မတဒေါက်တာဘဦး အဖြစ်မှတ်တမ်းတင်ခြင်းခံရလေတော့ သတည်း။

crd# Org author

winhlaingoo

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.