မိသားစုနဲ့ ခွဲခွာနေရပေမယ့် ညီမလေးပျော်ရွှင် နေတာကိုကြည့်ပြီး ကြည်နူးပီတိ ဖြစ်မိကြောင်း ပြောလာတဲ့ မေ……

Miss Universe Myanmar အဖြစ်နဲ့တိုင်းတပါးမှာ သွားရောက်ယှဉ်ပြိုင်ပြီး အမိမြန်မာပြည်ကိုပြန်လာဖို့မလွယ်တော့ တဲ့ သူဇာဝင့်လွင် ဟာ လတ်တလောမှာတော့အမေရိမှာ နေထိုင်ပြီး မော်ဒယ်အေဂျင်စီ တစ်ခုမှာဝင်ရောက်လုပ်ကိုင်နေခဲ့ပါပြီ။

ဒီနေ့မှာလည်းကန်ဒီက လော့အိန်ဂျလိစ် နိုင်ငံက Beverly Hills မြို့မှာရိုက်ကူးထားတဲ့ ပုံရိပ်လေး ကို လူမှု့ကွန်ရက်မှာဝေမျှခဲ့ပြီးနောက် အမဖြစ် သူမေဟာ ” ငါရောက်ဖူးချင်တဲ့ နေရာလေး..ပျော်နေတာမြင်တော့ဝမ်းသာပါတယ်. တို့ဝရမ်းပြေး ဘဝကလွတ်တဲ့တနေ့မှပြန်ဆုံကြစို့ တို့ ဖန်မလီ ”ဆိုပြီးဝင်ရောက်မှတ်ချက်ပေးခဲ့ပါတယ်။

ဒီမှတ်ချက်လေးကိုမြင်ကြတဲ့ ပရိသတ်တွေဟာစိတ်မကောင်းဖြစ်ပြီးအားတင်း ထားဖို့နဲ့ဘေးကင်းစေ ကြောင်းဆုတောင်းပေးခဲ့ ကြပါတယ်။အမဖြစ်သူရဲ့မှတ်ချက်ကို ” Miss you ဒီမှာ လည်း passport ဖျက်ခံရ တယ်ဆိုလား” ဆိုပြီး ကန်ဒီကပြန်လည်မှတ် ချက်ပေးခဲ့ပါတယ်။

အမဖြစ်သူ မေဟာလည်း ပြည်သူ တွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တာကြောင့် (၅၀၅) (က) နဲ့အမှုဖွင့်ခံရပြီးဘေးလွတ်ရာကိုတိမ်းရှောင် နေရသလို ညီမ ဖြစ်သူကန်ဒီဟာလည်းတကမ္ဘာလုံးက ကြည့်နေတဲ့ Miss Universe စင်မြင့် ထက်မှာ မြန်မာ့အရေးကိုရဲရဲဝံ့ဝံ့ထုတ် ဖော်ခဲ့တာကြောင့်မြန်မာပြည်ကိုပြန်လာဖို့အဆင်မပြေနိုင်သေး ပါဘူး။

ဒီလို အခက်အခဲ တွေကိုယ်စီနဲ့ ရင်ဆိုင်နေ ရတဲ့ ညီအမ နှစ်ယော က် ကို ပရိသတ်တွေကအားပေးစကားပြောခဲ့ကြပါတယ်။မြန်မာပြည် အတွက် ရောင်နီလာမယ့် နေ့ရက် တွေရောက်ရင် ပြည်သူတွေ ရဲ့ ဆန္ဒနဲ့ထပ်တူကျပြီးပြည်သူတွေဖက်ကရပ်တည်ပေးခဲ့တဲ့အနုပညာရှင် တိုင်းကို ပြည်သူတွေ က လက်ကမ်းကြိုပြီး အကောင်းဆုံးတွေ ပြန်ပေးဖို့ အဆင်သင့်ပါပဲ။

ရဲရင့်ပြီးဆုံးဖြတ်ချက်ပြတ်သားတဲ့ မေနဲ့ကန်ဒီလိုသမီးလေးတွေကိုပိုင်ဆိုင် ထားတဲ့ မိဘအတွက်တော့တကယ့်ကိုဂုဏ်ယူစရာဖြစ်နေမှာ ပါ။ ပရိသတ်တွေရဲ့ချစ်ခြင်း မေတ္တာကြောင့်ညီအမနှစ်ယောက်လုံးဘေးကင်းပြီး ပိုမိုအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုကိုယ်စီပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေးပါတယ်။

ဖတ်ရှု့ပေးသူ စ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

သတင်းအရင်းမြစ်: Thu Zar Wint Lwin’s FB Acc

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.