မြန်မာနိုင်ငံရဲ့အရေးမှာအမှန်တရားကိုလိုလားကြတဲ့ပြည်သူတွေနဲ့အတူအနုပညာရှင်များစွာကလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်ဒီလိုပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်လှုပ်ရှားတဲ့အနုပညာရှင်တွေထဲမှာသရုပ်ဆောင်မင်းမော်ကွန်းတို့သားအဖလည်းအပါအဝင်ပါပဲနော်
လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကိုဘေးချိတ်ပြီးလူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေမပျောက်အောင်တာ ဝန်သိပြည်သူတစ်ယောက်အနဲ့စိတ်အားထက်သန်စွာပါဝင်ခဲ့ကြပါတယ်

သားအဖနှစ်ယောက်လုံးကိုယ်တိုင်လည်းလမ်းမထွက်ကာလှုပ်ရှားမှုတွေမှာစိတ်ရောကိုယ်ပါနှစ်ပြီးပါဝင်သလိုဖြိုခွင်းမှုတွေကြောင်ထိခိုက်နစ်နာသူတွေကိုလည်းစာနာနားလည်မှုလေးတွေနဲ့အတူဖေးမကူညီမှုလေးတွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်

ဒါကြောင်လည်းဖခင်ဖြစ်သူဇင်ဝိုင်းကလည်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလိုမင်းမော်ကွန်းကလည်းခြိမ်းခြောက်ခံရမှုတွေရှိနေတာကြောင်.မိသားစုနဲ့ခွဲခွာကာတိမ်းရှောင်နေခဲ့ရပါတယ်
ဒီနေ့မှာတော့ဖခင်ဖြစ်သူပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းကိုဝမ်းသားအားရပရိသတ်တွေကိုအသိပေးပြောကြားလာပါတယ်

ဦးဇင်ဝိုင်းရဲ့အကောင်မှာလည်းသူအိမ်ပြန်ရောက်နေပြီဖြစ်ကြောင်းကိုလည်းဖော်ပြထားရာပရိသတ်ကြီးလည်းသတင်းကောင်းလေးကိုသိရှိနိုင်စေရန်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
crd