စစ်ကောင်စီရဲ့ စွဲချက်တွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစု ကြည်ဘက်က ပြန်ပြီး ချေပနိုင်တဲ့ အားသာချက်တွေရှိနေ

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေးကာလ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စစ်ကောင် စီရဲ့ စွပ်စွဲချက်တွေမှာ ခိုင်လုံမှုမရှိပဲ အားနည်းချက်တွေ အများကြီးရှိနေတယ်လို့ နော်ဝေးအခြေစိုက် မြန်မာ့လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကပြောပါတယ်။

“ကို ဗစ်စည်းမျဉ်းစည်းကမ်းတွေအရ လူစုလူဝေးမလုပ်ရ ၊ ၅ဦးထက်ပိုပြီးတော့ စုမလုပ်ရဆိုတဲ့အချက်တွေနဲ့လုံး၀ကင်းလွတ်နေတာကို ကျနော်တို့ တွေ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခြံရှေ့ကို မော်တော်ကားတွေဖြတ်မောင်းပြတာကို လက်ထွက်ပြရုံ ကိစ္စတခုပဲရှိတယ်ဆိုတာကို ကျနော်တို့ သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

စစ်အုပ်စုကနေပြီးတော့ ကြီးမှူးကျင်းပတဲ့ပွဲတွေမှာ ဥပမာဆိုရင် သံလွင် (ချောင်းဆုံတံတား) နာမည်ပြောင်းပွဲတုန်းကဆိုရင် Mask တပ်ထားတာလည်း တယောက်မှ မတွေ့ရဘူး။

အဲ့ဒီတံတားနာမည်း ပြောင်းပွဲမှာ လူစုလူဝေးအုပ်လိုက်ကြီး ဓါတ်ပုံရိုက်ထားတာလည်းရှိတယ်။ ဒါတွေကို ဘယ်သူမှလုံး၀အရေး ယူဆောင်ရွက်တာမရှိဘူးဆိုတာကိုကြည့်ခြင်းအားဖြင့်

စစ်အုပ်စုရဲ့ စီမံဆောင်ရွက်မူက ဒေါ်အောင်ဆန်းစုကြည်ကိုတမင်အမှုဆင်ဖမ်းဆီးဖို့ လုပ်ဆောင်တယ်ဆိုတာကို ထင်ထင်ရှားရှား ပေါ်လွင်နေတယ်လို့ပဲကျနော်ပြောချင်ပါတယ်။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.