ညီဖြစ်သူ ပြည်ကျော်ရောက်ရှိလာလို့ ဟား(၅)ကောင်အဖွဲ့စုံပြီဖြစ်ပြီး ပြည်သူတွေအတွက် အားဖြစ်ပါစေ…လို့ဆိုလာတဲ့ တိုင်းကျော်

ပြည်သူချစ် လူရွှင်တော်တွေဖြစ်ကြတဲ့ တိုင်းကျော် ဝိုင်းကျော် ပိုးလေး ပြည်ကျော်နဲ့တိုးကျော် တို့ကတော့ ဖော်ဖော်ဝါရီ ၁ရက်နေ့မှ စတင်ကာ ပြည်သူတွေနဲ့ အတူ တစ်သားထဲရပ်တည်လျက်ရှိပါတယ်။တစ်ချိန်က ပြည်သူတွေကို ရယ်မောစေခဲ့တဲ့ ပျက်လုံးတွေနဲ့ ဟား၅ကောင် အဖွဲ့က တော့ ပြည်သူနဲ့ တစ်သားထဲ ရပ်တည်နေကြောင်းကို ထပ်မံသက်သေပြ လိုက်ပြီ ဖြစ်ပါတယ်။

ဟား(၅)အဖွဲ့ကတော့ လက်ရှိပရိတ်သတ်တွေကြားမှာ ပြောစမှတ်ပြုနေရတဲ့ ဟာသလူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။တောထဲမှာ မိမိတို့နေထိုင် ရပုံတွေကို ပရိတ်သတ်တွေကို ချပြလေ့ရှိပြီး ဇွဲမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။

ညီအကိုရင်းကဲ့သို့ ချစ်ခင်ကြတဲ့ ဟား ၅ကောင်ညီအကိုတွေကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့တုန်းကလည်း အတူတူဖြစ်ပြီး လွတ်မြောက်နယ်မြေမှာလည်း ညီအကိုတွေ အတူတူပဲ သင်တန်းတက်ရောက်လျက်ရှိကြ ပါတယ်။

ပထမအစမှာတော့ ဟား၅ကောင်အဖွဲ့ဟာ ညီအကို၅ယောက်လုံး အတူတူ လွတ်မြောက်နယ်မြေကို ရောက်ရှိလာကြတာမဟုတ်ပဲ ပြည်ကျော်တစ်ယောက်က သီးခြားနေရာမှာ ရှိနေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဟား၅ကောင်ညီအကိုတစ်တွေဟာ လွတ်မြောက်နယ်မြေတစ်ခုမှာ အတူတူဆုံ စည်းသွားပြီဖြစ်ကြောင်း တိုင်းကျော် တစ်ယောက် သူရဲ့ လူမှုစာမျက်နှာမှ တစ်ဆင့်ဖော်ပြလာခဲ့ပါပြီး ပြည်သူ့အတွက် အားဖြစ်ပါစေ ဆိုပြီး ညီကို ၅ယောက်ရိုက်ထားတဲ့ ပုံလေးနဲ့ အတူ မျှဝေလာခဲ့ပါ တယ်။

Credit – YaungChi

Source _ Taingkyaw’s Facebook

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.