Master Chef US ပြိုင်ပွဲမှာ အကောင်းဆုံးဟင်းပွဲ အဖြစ် အသိမှတ်ပြုခံရပြီး မြန်မာနိုင်ငံ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး

Master Chef ပြိုင်ပွဲဟာ နိုင်ငံခြားမှ တင်ဆက်တဲ့ TV အစီအစဉ်တွေမှာနာမည်အကြီးဆုံးအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ မနေ့ကကျင်းပပြု လုပ်တဲ့ Master Chef(US) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအမျိုးသမီးတစ်ဦးဟာ White Apron ရသွားခဲ့တာဖြစ်ပါတယ်။

အမျိုးသမီး နာမည်ကတော့ Suu လို့ ခေါ်ပြီး ထိုပြိုင်ပွဲတွင် မြန်မာလူမျိုးတွေအမြဲစားသုံးလေ့ရှိတဲ့ အုန်းနို့ခေါက်ဆွဲကို ချက်ပြခဲ့တာ ဖြစ်ပါတယ်။ ဒိုင်လူကြီးလေးယောက်ကလည်း သူမရဲ့ဟင်းပွဲကို YES ပေးခဲ့ရုံသာမက အားရပါးရ သုံးဆောင်ကြခဲ့တာလည်း ဖြစ်ပါတယ်။

ထိုဒိုင်လူကြီးလေးယောက်လုံး သဘောကျဖို့ဆိုတာတော်ရုံမလွယ်ကူပါဘူး။ အရမ်းတင်းကြပ်ပြီး YES ပေးခဲတဲ့ဒိုင်လူကြီး တစ်ဦးကတောင် S uu ရဲ့ ဟင်းလျာကို သဘောကျခဲ့တာ ဖြစ်ပါတ ယ်။ Suu ကတော့ ဟူစတန်၊တက္ကဆက်တွင်နေထိုင်ပြီး Food Blogger တစ်ဦးဖြစ်ပါတယ်။

မနေ့ကဟင်းချက်ပြိုင်ပွဲမှာလည်းသူမဟာမြန်မာမှာမွေးပြီးမြန်မာမှာဘဲကြီးပြင်းခဲ့သူဖြစ်ကြောင်းဖြေကြားထားတာဖြစ်ပါတယ်။ ဒီဟင်းချက် ပြိုင်ပွဲဟာလူမှုကွန်ယက်တွင်အတော်လေးကိုလူစိတ်ဝင်စားမှုများပြားနေပြီးအားလုံးကလည်း Suu အတွက်ဝမ်းသာနေကြတာဖြစ်ပါတယ်။

White Apron ရတဲ့ အချိန်မှာလည်းသူမရဲ့မိဘများကို ဖုန်းဆက်ပြောပြတဲ့အခန်းကလည်း ကြည့်မိသူတိုင်းကိုမျက်ရည်ကျမိစေမှာ အမှန်ပါပဲ။

မြန်မာလူမျိုးတစ်ယောက်အနေနဲ့ Master Chef လို ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာဂုဏ်ယူစရာ ဖြစ်ပါတယ်။

အစ်မ Suu တစ်ယောက်လည်းပြိုင်ပွဲတစ်လျှောက်လုံးအကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ပြီးမြန်မာအစားအစာတွေကိုကမ္ဘာက သိအောင်ချပြနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit original writer

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.