” ပတ္တမြားခင် ” ( မြန်မာ့ ပထမဆုံးဓာတ်ပုံဆရာမ – စာရေးဆရာမကြီး )
ပတ္တမြားခင် (၁၉၂၄-၂၀၁၉) သည် မြန်မာ စာရေးဆရာမ တစ်ဦးဖြစ်သည်။ ပထမဆုံး မြန်မာ ဓာတ်ပုံဆရာမ အဖြစ် ထင်ရှားသည်။ပတ္တမြားခင်…မွေးဖွားခင်မကြီး၁၉၂၄မန္တလေးကွယ်လွန်ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉ထာဝရ နားခိုရာနေရာကော်ရယ် စပရင်းအခြား အမည်များခန့်ခန့်ကြီးအလုပ်အကိုင်စာရေးဆရာမ၊ ဓာတ်ပုံဆရာမဇာတိမန္တလေးမိဘ(များ)ဆန် လီဗိုင်နှင့် ဒေါ် ခင်ခင်မေ
ငယ်ဘဝ
၁၉၂၄ ခုတွင် ဗြိတိသျှ စစ်ဗိုလ် ဆန် လီဗိုင် (Son Levy) နှင့် ဒေါ် ခင်ခင်မေ တို့မှ ၁၉၂၄ ခုတွင် မန္တလေး၌ မွေးသည်။ ငယ်မည်မှာ ခင်မကြီး ဖြစ်သည်။ ကွန်ဗင့်ကျောင်းတက်စဉ်က အက်ဂနက် (Agnes) ဟု တွင်သည်။အသက် ၄ နှစ်အရွယ်ရောက်သော် ဖခင်တိမ်းပါး၍ မိခင်၏ အမျိုးအဆွေများလက်တွင် ကြီးသည်။
မန္တလေး စိန့်အင်ဒရူးကျောင်း၊ သံတဲကျောင်းနှင့် ကွန်ဗင့်ကျောင်းတို့တွင် ပညာသင်ခဲ့သည်။ဂျပန်ခေတ် ရောက်သည့်အခါ စစ်ကိုင်းရှိ သစ်ဆိမ့်ချောင်နှင့် ခေမေသက ချောင်များသို့ စစ်ပြေးရသည်။ မိခင်မှာ သေနတ်သံ၊ ဗုံးသံများကြောင့် စိတ်နောက်သွားသည်။
၁ ဓာတ်ပုံဆရာဘဝ
အသက် ၁၉ နှစ်အရွယ်တွင် ၈၄ လမ်း၊ လက်ဆည်ကန်အနီးတွင် “ခန့်ခန့်ကြီး” အမည်နှင့် ဓာတ်ပုံတိုက် ထောင်သည်။ ခင်ပွန်းမှာ ဆိုင်ဖွင့်ရန် ငွေထောက်သော်လည်း ငွေကုန်လျှင် ထိုအလုပ်အား ဆက်မလုပ်တော့ဟုသော ကတိဖြင့် စခဲ့ခြင်း ဖြစ်သည်။မန္တလေးမြို့၊ ၂၆ (ဘီ) လမ်းတွင် ဆိုင်ခွဲ ထပ်ဖွင့်သည်။၁၉၅၁ ခု၊ နိုဝင်ဘာလတွင် လုပ်ငန်းချဲ့ရန် ရန်ကုန်သို့ ပြောင်းလာသည်။ ဆိုရှယ်လစ်စနစ် ထူထောင်ရာ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ အသိမ်းခံရသည်။
စာရေးဆရာမဖြစ်လာခြင်း
၁၉၇၇ ခုတွင် သားသမီးများရှိရာ အမေရိကန်နိုင်ငံ၊ ဖလောရီဒါရှိ ကော်ရယ်စပရင်း (Coral Springs) သို့ သွားနေသည်။ [၂] ဝင်းဦး၏ စန္ဒာ ရုပ်စုံမဂ္ဂဇင်းတွင် သန္တာစမ်းမှ အလွမ်းစာ အမည်ရှိ ပေးစာကဏ္ဍကို ရေးသားသည်။ကင်မရာကိုင်ခဲ့ရသော ကျွန်မဘဝ အမည်ဖြင့် မဟေသီ မဂ္ဂဇင်းတွင် အခန်းဆက်ဆောင်းပါး ရေးခဲ့သည်။ မိမိဘဝဇာတ်ကြောင်းကို အတိတ်လမ်းကို ပြန်လျှောက်ခြင်း အမည်ဖြင့် ၁၉၉၇ ခု၊ ဇူလိုင်လထုတ်မှသည် ၂၀၀၀ ပြည့်၊ ဒီဇင်ဘာအထိ ရွှေအမြုတေ မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။
မိသားစုဘဝ
ဂျပန်ခေတ်၊ အပျိုပေါက် အရွယ်တွင် စစ်ရှောင်ကာ ဦးအောင်ခန့် နှင့် ၁၉၄၂ ခု၊ ဇွန်လ၌ အိမ်ထောင်ပြုသည်။ ခင်မောင်ဝင်းခန့်၊ ခင်မောင်လင်းခန့်၊ ကေခိုင်ခန့်နှင့် ကေသီခန့် တို့အား မွေးသည်။ ခင်မောင်လင်းခန့်မှာ ၆ လသားအရွယ်တွင် ကျောက်ပေါက်၍ ဆုံးသည်။ ၁၉၅၃ ခု၊ အောက်တိုဘာတွင် ဦးအောင်ခန့် လေဖြတ်ကာ ၁၉၅၄ တွင် တိမ်းပါးသည်။
အမျိုးသား တိမ်းပါးသော် ဓာတ်ပုံတိုက်သို့ ဝင်ထွက်နေသည့် ဦးမြလှိုင်နှင့် လက်ထပ်သည်။ သမီးနှစ်ဦးအား စိန့်မေရီကျောင်း (ယခု အထက(၁) ပန်းပဲတန်း) သို့ ကားမောင်းပြီး ကျောင်းကြိုရာ မိန်းကလေး ကားမောင်းသည်မှာ ထိုစဉ်က ရှာမှရှားဖြစ်ရာ မြင်သူတိုင်း အံ့ဩကြသည်။
ဦးမြလှိုင်နှင့် ပေါင်းဖက်ကာ ယမင်းမြင့်လှိုင်၊ ရွှေစင်မြင့်လှိုင်၊ အိန္ဒာမြင့်လှိုင်၊ သူဇာမြင့်လှိုင်နှင့် ဇာနည်မြင့်လှိုင် ဟူသော သားသမီးများ ရသည်။ ဇာနည်မြင့်လှိုင်မှာ အသက် ၂၀ ကျော်အရွယ်တွင် ဆုံးသွားသည်။ဆိုရှယ်လစ်ခေတ်တွင် ဦးမြလှိုင် ထောင်ကျပြီး ပိုင်ဆိုင်မှုအားလုံး အသိမ်းခံရသည်။ ခင်ပွန်းမရှိသောကြောင့် သားသမီးများနှင့် ခက်ခက်ခဲခဲ ရုန်းကန်ရသည်။
ဦးမြလှိုင် ထောင်မှထွက်သော် မိသားစုထံ ပြန်မလာတော့ဘဲ အခြားအမျိုးသမီးတစ်ဦးနှင့် အကြောင်းဆက်ကာ ခင်မကြီးနှင့် ခွာခွဲသွားသည်။အားကိုးအားထားအလို့ငှာ ကုန်သွယ်ရေးအရာရှိ ဦးကျော်ဇောနှင့် ထပ်မံလက်တွဲသည်။
ဘဝနိဂုံး
ဖလော်ရီဒါ၌ ၂၀၁၉၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကွယ်လွန်သည်။ သားသမီးများဖြစ်သော ခင်မောင်ဝင်းခန့်၊ ကေခိုင်ခန့်၊ ကေသီခန့်၊ ယမင်းမြင့်လှိုင်၊ ရွှေစင်မြင့်လှိုင်၊ အိန္ဒြာမြင့်လှိုင်၊ သူဇာမြင့်လှိုင်တို့ ကျန်ရစ်သည်။
ရေးသားခဲ့သော စာအုပ်များပြင်ဆင်ခေါင်းစဉ်ထုတ်ဝေနှစ်ထုတ်ဝေသူဓာတ်ပုံပညာ၁၉၄၆လူထုအတိတ်လမ်းကို ပြန်လျှောက်ခြင်း၂၀၁၂၊ နိုဝင်ဘာကံ့ကော်ဝတ်ရည်ကင်မရာကိုင်ခဲ့သော ကျွန်မဘဝ၂၀၁၆ကံ့ကော်ဝတ်ရည်ကိုးကား↑
“မြန်မာနိုင်ငံရဲ့ ပထမဆုံး ဓာတ်ပုံဆရာမ ပတ္တမြားခင် ကွယ်လွန်” ဘီဘီစီ မြန်မာပိုင်း (၁၇ ဖေဖော်ဝါရီ ၂၀၁၉)↑ ဇွဲဉာဏ် (၁၇ ဖေဖော်ဝါရီ ၂၀၁၉) စာရေးဆရာမကြီး ပတ္တမြားခင် ကွယ်လွန်”ခရက်ဒစ်…ဝီကီပီးဒီးယား
ဆရာမကြီးအားလေးစားစွာဖြင့်ဂုဏ်ပြုလိုက်ပါတယ် ခင်ဗျာ…![]()
#CRDSaryarSai Min Thant#နော်ဂဲလယ်ထူး (စာပေပရဟိတ)