မလေးလုံ


မလေးလုံ

မလေးလုံ * ( ၁၉၃၅-၁၉၉၁ )အမည်ရင်း – ဒေါ်ခင်သန်းဆွေမိဘအမည် – ကျောင်းအုပ်ဆရာကြီး ဦးချစ်ထွန်း + ဒေါ်စောတင်မွေးသက္ကရာဇ် – ၁၉၊ ၇၊ ၁၉၃၅မွေးဖွားရာ ဒေသ – ပုသိမ်မြို့ကိုယ်ရေးဖြစ်စဉ် စာရေးဆရာမ မလေးလုံကို ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် သောကြာနေ့တွင် ပုသိမ်မြို့၌ အဖ ကျောင်းအုပ် ဆရာကြီး ဦးချစ်ထွန်း၊ အမိ ဒေါ်စောတင် တို့မှ မွေးဖွား ခဲ့သည်။ မလေးလုံ၏ အမည်ရင်းမှာ မခင်သန်းဆွေ ဖြစ်သည်။

မလေးလုံသည် ကျန်းမာရေး ချို့တဲ့မှုကြောင့် တက္ဗသိုလ် ဝင်တန်းအထိသာ ပညာသင်ကြား ခဲ့ရသည်။မလေးလုံ ငယ်စဉ်က ပုသိမ်မြို့ ခရစ်ယာန် သာသနာပြု ကျောင်းများဖြစ်သော အေဘီအမ် အထက်တန်း ကျောင်းနှင့် စကောကရင် အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။

အသက် (၁၅) နှစ် အရွယ် ဆယ်တန်း စာမေးပွဲ ဖြေဆိုရန် ကြိုးစားနေစဉ် နှလုံးရောဂါဖြင့် အပြင်းအထန် မမာမကျန်း ဖြစ်လာရာ သမားတော် ဆရာဝန်ကြီးများ၏ တိုက်တွန်း ညွှန်ကြားချက် အရ ပညာသင်ကြားခြင်းမှ အနားယူလိုက်ရပြီး အသက်ရှင် နိုင်ရေးအတွက် နှလုံးရောဂါ ပါရဂူများ၏ ဆေးကုသမှုကို ခံယူ နေခဲ့ရသည်။ဆေးကုသမှု ခံယူ နေစဉ်မှာပင် အချိန်ယူ၍ ဝတ္ထုတို ကလေးများကို တိုင်းရင်းမေ ဂျာနယ်၌ ကလောင် အမည် မလေးလုံဖြင့် စတင် ရေးသား ခဲ့လေသည်။

ထိုသို့ ရေးသားရာ၌ လက်ယာလက်ကို အသုံးမပြု နိုင်တော့သဖြင့် ကျန်လက်ဝဲ လက်ဖြင့် စာရေး လေ့ကျင့်ပြီးမှ စတင် ရေးသားခြင်း ပြုခဲ့ရသည်။ ဝတ္ထုတို ကလေးများ ရေးသား နေရာမှ အောင်မြင်မှု ရလာသောအခါ လုံးချင်း ဝတ္ထု လောကသို့ လှမ်းတက် ခဲဲ့ပြန်သည်။၁၉၇၅ ခုနှစ်၊ နိုင်ငံတကာ အမျိုးသမီးများ နှစ်မှ စတင်၍ အမျိုးသမီး မဂ္ဂဇင်း တစောင် ထုတ်ဝေခွင့် လျှောက်ထားခဲ့ရာ ၁ဝ နှစ် အကြာတွင် ထုတ်ဝေခွင့် ရခဲ့သည်။

ထို့ကြောင့် ၁၉၈၅ ခု၊ ဇန်နဝါရီလမှ စတင်၍ လုံမလေး အမျိုးသမီး မဂ္ဂဇင်းကို ဦးစီး အယ်ဒီတာချုပ် တာဝန်ယူ၍ အောင်မြင်စွာ ထုတ်ဝေ ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ထုတ်ဝေသည့် လုံမလေး မဂ္ဂဇင်းတွင် ပါရှိသော ပန်းကိုတော့ ပန်လျက်ပါပဲ ဝတ္ထုတိုသည် မလေးလုံ ရေးသားခဲ့သည့် နောက်ဆုံး လက်ရာ ဖြစ်ပေသည်။

မလေးလုံသည် ၁၉၉၁ ခုနှစ်၊ ဧပြီလထုတ် လုံမလေး မဂ္ဂဇင်းတွင် ထည့်သွင်း ဖော်ပြမည့် သန်လျင် ဖေသွင်၏ အခြားသော ပညာရှိ တပါး (The Other Wise Man) ဘာသာပြန် ဝတ္ထရှည်ကြီးကို ကွယ်လွန်မည့် ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့ နံနက် အရုဏ်ဦး အထိ ကိုယ်တိုင် တည်းဖြတ် ပြင်ဆင်ခဲ့ပြီး နေ့လယ် ၁၁း၂ဝ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် နံ့သာမြိုင်ခြံ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။မလေးလုံ ကွယ်လွန်သည့် အချိန်တွင် အသက် ၈၁ နှစ် အရွယ်ရှိ မိခင်ကြီးနှင့် အစ်ကိုတဦး၊ ညီမသုံးဦး ကျန်ရစ်ခဲ့သည်။

စာရေးဆရာမ မလေးလုံကား ကွယ်လွန်သည့် အချိန် ရောက်မှသာ သူ့လက်က ကလောင်ကို ချခဲ့သူ ဖြစ်၍ ဂုဏ်ပြု ထိုက်သည့် စံပြ အာဇာနည် စာပေ အမျိုးသမီး တဦး အဖြစ် မှတ်တမ်း တင်ရပေမည်။မလေးလုံ ရေးသား ပြုစုခဲ့ေသော စာအုပ်များကေသာပိတုန်း ငွေမင်ရည်ဖုံးစေတော့ – ၁၉၆၇ ခုနှစ်ခင်ပိပိလိမ် – ၁၉၇၈ ခုနှစ်ချစ်ခွန်းတိတ်တိတ် ရင်သိမ့်သိမ့် –

၁၉၇၄ ခုနှစ်ချစ်ပါတယ် မောင့်ကို – ၁၉၇၅ ခုနှစ်ချစ်မဆုံး မုန်းကမ္ဘာ – ၁၉၇၃ ခုနှစ်ချိန်ခါမနှောင်းမီ – ၁၉၆၃ ခုနှစ်ငွေကြယ်လှလှ ေွ့ွကသောည – ၁၉၇၃ ခုနှစ်ဆောင်းလေဝှေ့တော့ နှင်းငွေ့ပြယ် – ၁၉၇၄ ခုနှစ်ထားခင်ခင် – ၁၉၇၂ ခုနှစ်ထိပ်ထားလေး – ၁၉၆၉ ခုနှစ်နေရယ် လရယ် ချစ်သူရယ် – ၁၉၇၈ ခုနှစ်နေလံကြယ်စင် ကွယ်ပင်ငြားလည်း –

၁၉ရဝ ခုနှစ်ပိုး – ၁၉၆၅ ခုနှစ်ပင်မြက်မြေဇာ – ၁၉ရဝ ခုနှစ်ပိုင် – ၁၉၆၆ ခုနှစ်ပုံ့ – ၁၉၇၃ ခုနှစ်ပွင့် (၁၉၆၃ ခုနှစ်၊ အမျိုးသား စာပေဆု) – ၁၉၆၃ ခုနှစ်ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည် – ၁၉၇၅ ခုနှစ်ဘဝဆည်းဆာ – ၁၉၇၂ ခုနှစ်ဘဝဆိပ်ကမ်းသာ – ၁၉၇၃ ခုနှစ်ဘယ်ဝေ့ညာကူး လေရူးဆော်သလို – ၁၉၆၉ ခုနှစ်ဘယ်အငြိုးနဲ့ ကံဆိုးမိုးရွာတယ် – ၁၉၇၃ ခုနှစ်မော် –

၁၉၇၄ ခုနှစ်မောင့်မေတ္တာ ရစ်ခါနှောင်မှ – ၁၉၇၃ ခုနှစ်မေတ္တာသွန်းဖြိုး မြတ်နိုးသူမယ် – ၁၉၇၃ ခုနှစ်မေတ္တာသံသရာ – ၁၉၇၁ ခုနှစ်မေတ္တာအရင်းခံ – ၁၉၆၂ ခုနှစ်မုန်းမာန်ရယ် ပြေစေလို – ၁၉၇၁ ခုနှစ်မုန်းအပြစ် မယူသာ – ၁၉၇၅ ခုနှစ်မြတ်လေးနွယ် – ၁၉၇၄ ခုနှစ်လှေလူးလူး လှိုင်းမူးမူး – ၁၉၇၆ ခုနှစ်သစ္စာနယ်မြေသူ – ၁၉၇၂ ခုနှစ်သိမ့် –

၁၉၇၇ ခုနှစ်အသည်းပန်းတခက် ပေးဆက်ချင်လျက် – ၁၉၇၃ ခုနှစ်အီဖေကိုယ်နှင့် မကြီးဂျမ်း – ၁၉၇၃ ခုနှစ်* ဂ်ာနယ္ေက်ာ္မမေလး၏ အမွာစာ* ဤစာအုပ်နှင့်ပတ်သက်၍“ပင်မြက်မြေဇာ” စာအုပ်အတွက် အမှာ ရေးပေးရန် မလေးလုံက တောင်းသည်။ မလေး လုံကို ရေးပါမည်ဟု ကတိမပေးဝံ့၊ စာပေလောက၌ ကတိတစ်ခု ပျက်ကွက်ခဲ့ဖူးသည်။ ဆေးတက္ကသိုလ်မှ ထုတ်ဝေမည့်မဂ္ဂဇင်းတွင် မြန်မာ့ဆေးပညာနှင့် ပတ်သက်၍ ကျွန်မထံမှ ဆောင်းပါးတစ်ပုဒ် ရေးပေးရန် လာတောင်းကြသည်။ကျွန်မက ဝမ်းနည်းစွာဖြင့် ‘မအားပါ’ ဟု တောင်းပန်သည်။

အနောက်တိုင်း ဆေးပညာရပ်ထဲတွင် ကျွန်မထံမှ မြန်မာ့ဆေးပညာဆောင်းပါးထည့်သွင်းဖော်ပြရန် မဂ္ဂဇင်းကော်မတီနှင့် အတော်ကလေး ဆွေးနွေးပြောဆိုကြခဲ့ရသည့် အတွက် ရေးဖြစ်အောင် ရေးပေးရန် အတင်းတိုက်တွန်းကြသည်။ နောက်ဆုံး မငြင်းသာ၍ ရေးပေးပါမည်ဟု ကတိပေးလိုက်ရသည်။ ဆေးကျောင်းသားများကို ပေးလိုက်သော ကတိပျက်ကွက်ခဲ့ရသည်။ တစ်နေ့ကုန် တစ်နေခန်း ဝေဒနာအမျိုးမျိုးဖြစ်ကြသော လူနာတို့နှင့် ဦးနှောက်ခြောက်လျက် အိမ်ပြန်ခဲ့ရသော ကျွန်မမှာ စိတ်အား လူအားကုန်ခန်းလာခဲ့ရသည်။

အိမ် ပြန်ရောက်သည့်တိုင် စိုးရိမ်စရာ၊ စိတ်မချစရာ လူနာတို့အတွက် စိတ်တထင့်ထင့်ဖြင့် အချိန်မရွေးဆက်ကြတော့မည့် တယ်လီဖုန်းကို တစောင့်စောင့်နားစွင့်လျက် စိတ်မောပမ်း နေရသည့်အခါမျိုးမှာ ရံဖန်ရံခါမျိုး မဟုတ်ဘဲ မပြတ်မလတ်ဖြစ်နေတတ်သည်။တစ်နေ့လုံး လူနာတွေနှင့်တွေ့ကာ စိတ်အားကုန်ခန်း လာခဲ့ရပြီး အရေးကြီး သော လူနာများအတွက် တစ်ညလုံး စိတ်ထင့်နေရသော ကျွန်မအဖို့ စာရေးရန် စိတ်ကူး ရမည့်အလုပ်ကို လုပ်နိုင်စွမ်းမရှိပါ။ကျွန်မကိုယ်ရေးကိုယ်တာ ကိစ္စအဝဝကို အားလုံးဘေးချိတ်ပြီး လူနာများကိုသာ နေ့ရှိသမျှ ဦးစားပေးနေရကာ ကျွန်မကိုယ်ကျွန်မ အစိုးမရပါဘဲလျက် ဆေးကျောင်းသား တွေကို ကတိပေးမိလေခြင်းဟု တွေးမိတိုင်း စိတ်မကောင်းဖြစ်ရသည်။

ယခုတစ်ကြိမ်လည်း အမှာရေးရန် ပျက်ကွက်ရမှာ ကြောက်သဖြင့် မလေးလုံကို ကတိမပေးပါရစေနှင့် ကြိုးစားပါမည်။ မရလျှင် မရေးလို၍ မထင်မှတ်ဘဲ မရေးနိုင်၍ မှတ်ပါဟု စကားပလ္လင်ခံထားရသည်။ဗီရိုဖွင့်၍ မလေးလုံးပို့ထားသော စာမူကြီးကို မြင်ရတိုင်း ပင့်သက်ချမိသည်။ လူတစ်ကိုယ် အကျင့်တစ်မျိုး ရှိကြသည်။ ကျွန်မစာရေးလျှင် ခေါင်းရှင်းရှင်းထား၍ ရေးချင်သည်။ စာဖတ်လျှင်လည်း ခေါင်းရှင်းရှင်းထား၍ ဖတ်ချင်သည်။

စာရေးရန် စာဖတ်ရန် ခေါင်းရှင်းရှင်းထားနိုင်သော အချိန်ကား လူခြေတိတ် သန်းခေါင်ကျော်မှစ၍ လင်းအားကြီး သို့မဟုတ် အလင်းအထိ ဖတ်ရရေးရသည်ချည့်သာ များ၏ ။စိတ်ရောကိုယ်ပါ ပန်းနေသည့်အချိန်မျိုး၌ လူခြေတိတ် သန်းခေါင်မှလင်းအား ကြီး သို့မဟုတ် အလင်းအထိရေးရန် အားမခဲနိုင်ပါ။မလေးလုံစာမူကို ဖတ်ရန် ရက်ရွေးထားရသည်။ အလုပ်တိုက်ပိတ်သော တော်လှန်ရေးနေ့နံနက် ၉ နာရီ၌ မှော်ဘီ ရှမ်းတပ်ရင်း (၁) မှ ဗိုလ်ကြီးကျော်ဇော တို့မှ မိသားစုအိမ်ရောက်လာကြသည်။ တစ်နေ့လုံး သူတို့နှင့်အတူ ထိုင်ကာ စကားပြော နေရသည်။

မိုးချုပ်မှ ပြည်လမ်း ကားဆိပ်သို့ လိုက်ပို့ပြီး လူချင်းခွဲလိုက်ကြသည်။တစ်နေ့ကုန် အလုပ်များသွား၍ မောမောဖြင့် အိပ်ရာထဲသို့ရောက်သွားပြီးမှမလေးလုံ စာမူကို သတိရတော့သည်။ အိပ်ရာမှ ပြန်ထကာ တစ်ညလုံးထိုင်ဖတ်လိုက်ရ သည်။ နီနီလေးတို့မိသားစုကို စတွေ့ ရသောအချိန်ကား တော်လှန်ရေးနေ့ ည ၁၁ နာရီခွဲခန့်ဖြစ်သည်။ည ၁၁ နာရီခွဲမှ နံနက် ၄ နာရီအထိ နီနီလေးတို့မိသားစုနှင့် တွေ့ရသည်မှာ ကွျန်မအတွက် အမွာရေးပေးရန် လုံလောက်သွားပေပြီ။‘

ပင်မြက်မြေဇာ”မှာ မြန်မာ့စစ်မြေပြင်၏ မကောင်းဆိုးရွားသရုပ်ကို အပေါ်လွင် ဆုံး မှတ်တမ်းတင်ပြထားသော စစ်မှတ်တမ်းတစ်ခုဖြစ်သည်။စစ်ကာလ မြန်မာပြည်၏ စစ်မြေပြင်၌ လူအသီးသီးတိုင်း မြေဇာပင် ဖြစ်ကြရကာ ဒုက္ခတွေကိုယ်စီကိုယ်င ပင်လယ်ဝေခဲ့ရသော ဇာတ်လမ်းတွေ မရေမတွက်နိုင်အောင် ရှိကြ သည့်အနက်မှ စာရေးတတ်သူက မှတ်တမ်းတင်၍ ဖော်ပြရေးသားထားနိုင်ခြင်း ဖြစ်သည်။ ဤမှတ်တမ်း၌ စစ်ဖြစ်ခါနီး၊စစ်အတွင်း၊ စစ်ပြီးစခေတ် စစ်ကာလကို သုံးပိုင်းခွဲခြား၍ မှတ်တမ်းတင်ထားသည်။ အတိဒုက္ခမြောက်များစွာတို့ဖြင့် ပြွမ်းတီးနေသောအဖြစ်အပျက် အရပ်ရပ်အားလုံး တို့သည် နီနီလေးတို့ မိသားစုနှင့်အတူတကွ ပူးပေါင်း၍ ကျွန်မကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ ရသကဲ့သို့ ထင်ရလောက်အောင် ခံစားမိသည်။

စစ်ဖြစ်ခါနီး စစ်ကိုကြောက်၍ပြေးရပုံ၊ ပြေးကာမှ ဓားပြ လူဆိုးတို့နှင့် ရင်ဆိုင် တိုးရခြင်း၊ တောမီးလောင် တောင်ကြောင်လက်ခမောင်းခတ်၊ မင်းမဲ့တိုင်းပြည်ကဲ့သို့ ပရမ်း ဘတာ ဖြစ်နေသော ရှုခင်း ရှုကွက်တို့မှာ စစ်အတွင်း ကျွန်မရှောင်ပြေးရာ မြစ်ဝကျွန်းပေါ် အရပ်၌ ဖြစ်ပျက်ပုံချင်းတို့နှင့် တူလေခြင်းဟု တွေးမိသည်။စာရေးသူမှာ အမျိုးသမီးဖြစ်၍ ယင့် … လွတ်လို လွတ်ငြား ရှောင်ရတိမ်းရသော အတိဒုက္ခကို အနုစိတ်ရေးခြယ်ပြရာတွင် စေ့စပ်လှသဖြင့် စစ်၏ကြမ်းကြုတ် ဆိုးရွားခြင်း သဘောကို ပိုင်နိုင်ထိမိစွာ ရေးဖွဲ့ထားနိုင်သည်။

စစ်ကာလအတွင်း ကြုံခဲ့ရသည့် ကြောက်စရာ လန့်စရာ၊ သွေးပျက်စရာ၊ ဝမ်းနည်းစရာ၊ ကြေကွဲစရာတို့နှင့် ဆုံးရှုံးနစ်နာပုံတို့ကား ကမ်းကုန်အောင် အဆုံးစွန်သော အပိုင်း အထိ နက်ရှိုင်းစွာ ဖော်ပြထားသည်။ဤမှတ်တမ်းသည် ပြည်သူတို့အတွက် စစ်ကို ရွံ့မုန်းသွားစေကာ အမှတ်တရ သိမြင်ခံယူစေနိုင်မည့်အပြင် ပြည်သူတို့အပေါ်၌ ဖိနှိပ်ချုပ်ချယ်သွေးစုပ်သည့် နယ်ချဲ့ စနစ်ဆိုးနှင့် လူစိတ်ကင်းမဲ့သော ဖက်ဆစ်စနစ်ဆိုးကိုပါ အရိပ်ပြအကောင်ထင်အောင် အထောက်အကူပြုနိုင်မည့် အမှတ်အသားဖြစ်သည်။ခရစ်ယာန်ဘာသာ ကိုးကွယ်သော စစ်ဘေးဒုက္ခသည် မြန်မာမိသားစု ဇာတ်ကောင် များထဲ၌ ဖခင်ဖြစ်သူ ဇာတ်ကောင်က အစ မြန်မာသီချင်းကြီးကိုမှ နှစ်သက်၍ မြန်မာ ဆန်မှု၊ မြန်မာ့ဇာတိသွေး ဇာတိမာန်ရှိမှုတို့ကို စာဖတ်သူများ အမှတ်ထင်ထင် သတိပြုမိပေလိမ့်မည်။

သို့သော် …ဘာသာရေး၌ မခွဲမခြား တစ်လုံးတစ်စည်းတည်း သင်းဝင်ဖွဲ့စည်း၍ အူလှိုက် သည်းလှိုက် ပူးပေါင်းနိုင်ပါလျက် လူမျိုးရေးထိပ်ပိုင်းသို့ ရောက်လာချိန်၌မူ မြန်မာဖြစ်၍ ကရင်ကလည်း မပူးပေါင်းနိုင်၊ မယုံသင်္ကာရှိ မြန်မာကလည်း ခရစ်ယာန်ဘာသာဝင်ဖြစ်၍ မယုံသင်္ကာ ဖြစ်ရပ်များသည် စစ်ဒဏ်ခံရသည့် မိသားစုတို့၏ ကြွေကွဲစရာများအနက်မှ တကယ့်ကြေကွဲစရာ တစ်ကွက်ဖြစ်နေသည်ကို တွေ့ရှိရသည်။

စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ရင်း ဒုက္ခတွေပင်လယ်ဝေနေသည့် ကြားထဲမှ တည်ကြည်ရိုးသား၍ ဖြောင့်မတ် ဖြူစင်သောသဘောရှိသည့် စစ်ပြေး မိသားစု ၏ စိတ်ဓာတ် အမူအယာ သဘောသကန်တို့ကို ပြင်းထန်သော မုန်တိုင်းအကြားမှ မြင်ရ သည်။ပင်ကိုသဘာဝအားဖြင့် သနားကြင်နာတတ်သူများ ဖြစ်ရုံသာမက ကျောင်းဆရာ အလုပ်ကလည်း ကောင်းမြတ်သော လုပ်ဆောင်ရေးအတွက်သာ ရည်ညွှန်းစေ့ဆော် အားပေးသဖြင့် စေတနာပြည့်ဝခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ဇွဲရှိခြင်း၊ ကိုယ့်အား ကိုယ်ကိုးခြင်း၊ စာနာတတ်ခြင်း၊ ကြင်နာခြင်း၊

မေတ္တာတရားကြီးမားခြင်း၊ အာဃာတမရှိခြင်း စသည့် စသည့် လူ့စရိုက် လူ့သဘာဝ လူဆန်သော ယင်းအချက်အလက်တို့ကို စစ်မီး ဟုန်းဟုန်းတောက်နေသည့်အကြားမှာ ပီပြင်အောင် မှုန်းခြယ်နိုင်စွမ်းရှိသည့်အတွက် စာမူ ဖတ်ပြီးသည့်နောက် ကျွန်မ၏ ခေါင်းထဲ၌ နှစ်သက်ဖွယ်ရာ ရှိလှသော ချစ်စရာအကွက် တို့သည် သူ့အခန်းနှင့်သူ ခေါင်းထဲ၌ တရစ်ဝဲဝဲပေါ်နေတော့သည်။

ဂျာနယ်ကျော်မမလေး* * *

တဲ့လက်ရာမို့ ဆွဲဆောင်မှုကောင်းရင် ခပ်သွက်သွက်တင်နိုင်မယ်ထင်ပါတယ်။ဆရာမကြီးရဲ့ အမှာဖတ်ရတာတော့ ဖတ်လို့ကောင်းမယ့်စာအုပ်ဖြစ်မယ်ထင်ပါတယ်။တစ်ခုသတိပြုရမှာက မတူညီတော့တဲ့ ခေတ်အခြေအနေမှာ စစ်ကိုလုပ်စားသူတွေနဲ့ တိုင်းရင်းသားပြည်သူမြေဇာပင်တွေဟာလည်း ခုချိန်ထိရှိမြဲ ရှိဆဲပါပဲ။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.