စကားအဆိပ်သင့်ခဲ့လို့ နိဂုံးမလှခဲ့တဲ့ ရာဇဝင်ထဲက မင်းခွေးချေး

စကားအဆိပ်သင့်ခဲ့လို့ နိဂုံးမလှခဲ့တဲ့ ရာဇဝင်ထဲက မင်းခွေးချေး

 

 

ရာဇဝင်မှာ ဟင်းခွက် သုံးရာမပြည့်ရင် မစားတဲ့ဘုရင် တပါးရှိတယ်။ ငယ်အမည်မင်းခွေးချေး တရုတ်ပြေးမင်းလို့ ခေါ်တဲ့ နရသီဟပတေ့။ သူက ဘုရင်မဖြစ်ခင်တုန်းက ရာဇသင်္ကြန် အမတ်ကြီးကို ဆည်းကပ်လို့ နေရာကောင်းရအောင်လုပ်တယ်။ နောက်တော့ အမတ်ကြီး ၏ အ ကူအညီကြောင့် ဘုရင်ဖြစ်တယ်။ ဘုရင်ဖြစ်တော့ ပျော်ပါးမူးယစ်နေပီး သူကောင်းပြူ ရမယ့်ကိစ္စ တွေ မေ့လျော့နေတယ်။ ဒါနဲ့ တနေ့တော့ ရာဇသင်္ကြန် အမတ်ကြီးဟာ လွှတ်တော်တတ်တဲ့အခါ ကွမ်းကလပ် ကို အပဲ့အစုတ်ဖြင့် ကိုင်လာပါလေရော ဒီအရာကို ဘုရင်က မြင်တော့ အဘိုး ဘယ့်နှာကြောင့် ကွမ်းကလပ် အပဲ့နဲ့လာရသတုန်း အမတ်ကြီး၏ အနေအထားနဲ့ဆို ရွှေကလပ်တောင် ရှိနေရမယ်မို့လားဆိုတော့ အ မတ်ကြီးက မှန်လှပါ ယခုတလော ပန်းပွတ်သည်များ ကောင်းစားနေ၍ ပန်းပွတ်မည့်သူ မရှိကြောင်းပါလို့ ဖြေလိုက်တော့ ဘုရင်က ချက်ခြင်းသိတယ် သူ့ အမေဟာ ပန်းပွတ် သည် (ပန်းပု) မျိူးရိုး ဖြစ်နေတာကိုး။ မျိူးရိုး ကို ထိပါး၍ စော်ကြား ခြင်းကြောင့် ဘုရင်က အ မျက် ထွက်လေ ပြီးမေးသတဲ့။အမတ်ကြီး ဘုရား ထီးတင်လျှင် ဘာလို သလည်း ဆိုတော့ငြမ်းလို ပါတယ်လို့ဖြေ ပါသတဲ့ ဒါဆို ရင် အခု ဘုရားလည်းပြီးပြီ ထီးလည်း ပြီးပြီငြမ်း ဖျက်ယုံ ပေါ့ လို့ဆိုပြီး အမတ်ကြီးရာဇသင်္ကြန် ကို ဒလသို့နယ်နှင် ပို့လိုက်ပါလေရော။( ဒါဟာ ကိုယ်နဲ့သင့် တော်၏ မသင့်တော်၏ ပြောသင့် မပြောသင့် မကြည့် အချိန်အခါ မကြည့် လိုခြင်စိတ် ဒေါသစိတ်ကြောက့် ဖြစ်ရတဲ့ ဒုက္ခတခုပေါ့) နရသီဟပတေ့မှာ သားတော် ၃ ပါးရှိတယ်။ အဲ့အထဲက ၂ ပါးကို ဝက်လက်ဟင်းချက်ပြီးအမြဲပေးတယ်။ သီဟသူ ဆိုတဲ့သားကို တော့ ခြေ ထောက်ပဲပေးတယ်။ သီဟသူရဲ့အမေက စားတော်ကဲကို လာတ်ထိုးပီး ဝက်လက်ကို ရစေတယ်။ ဒါကိုဘုရင်က သိတော့ ဟဲ့ဝက်လက်ခိုးမသား လို့ လူ ပုံအလယ်မှာ ခေါ်တယ်။ မိဖုရား ရှင်မောက် ( သီဟသူရဲ့မိခင်) ကိုလည်း ဝက်လက် ခိုးမရယ်လို့ခေါ်တယ်။

 

 

ဒါကို သီဟသူက စိတ်အနာကြီးနာလေတော့တယ်။သီဟသူ ဟာ ပြည်မြို့စား ရာထူး ရထားတာပါ။တခါတော့ တရုတ်တွေ ဝင်လာပီးတိုက်လို့ နရသီဟ ဟာ ပုသိမ် အထိ ဆင်းပြေးရတာကြောင့် တရုတ်ပြေးမင်းလို့ခေါ်ပါတယ်။ တရုတ်ရန်က အေးတော့ နန်းတော်ကိူ ပြန်အလာ လမ်းမှာ သားတော်သီဟသူ ရှိတဲ့ ပြည်မြို့ ကိုဝင်တယ်။ သီဟသူက ဖောင်တော် အကြီးစားနဲ့ ကြိုလင့်တယ် သို့သော် သူကြိုဆိုတာက ဒီလိုပါ။ ဖောင်ပေါ်မှာက သူသတ်ကြီးတွေ တင်ထားပါတယ် ဓါးတွေ လှံတွေနဲ့ အပြည့်အအစုံခင်းလို့ပါ။ ဖခင်ကြိုက်တဲ့ဟင်းခွက်တွေ လည်းစီမံ လို့ ထားပါသတဲ့ နရသီဟ ဟာ ဖောင်ပေါ်အတတ်မှာ ဒါတွေကို မြင်ပါပီ။ သီဟသူက ဖခမည်းတော် သုံးဆောင်ပါ။ သို့သော် ဟင်းခွက်တိုင်း မှာအဆိပ် ခပ်ထားပါတယ်တဲ့။ တကယ် လို့မစားခဲ့ရင်လည်း ဟောဟိုက သူသတ်ကြီးတွေက သတ်မှာပဲ လို့ဆိုတယ်။ နရသီဟ ပတေ့ဟာ ဒုက္ခအကြီးအကျယ်ရောက်ပါပြီ။ ဒီတော့ မိဖုရားကို တိုင်ပင်လေတော့ သွေးသံရဲရဲသေမယ့်အတူ အဆိပ်စားသေသင့်တဟ်လို့ ပြောတော့ အဆိပ်ပါ တဲ့ဟင်းခွက်ကို သိသိကြီးနဲ့စားပါသတဲ့..သေအံ့ဆဲဆဲ မှာ သူဟာ ဆုတခု တောင်းပါတယ်။ ဘဝဆက်တိုင်း လူဖြစ်ရကား သား ယောက်ကျားလေး မမွေးရပါလို၏တဲ့ ။ ဒါဟာ နရသီဟပတေ့ ကြီးရဲ့ ဝက်လက်ခိုးမသား ရယ်လို့ ခေါ်လိုက်တဲ့ စကားကြောင့် အသတ်ခံရတာပါ။ ရာဇသင်္ကြန်တုန်းက ဘုရားပြီးငြမ်းဖျက်လို့ ရာဇဝင်တွင်တဲ့စကားနဲ့ ဒလ ကို ပို့တယ်။ အခု သု့အလှည့်မှာ ဝက်လက်ခိုး လို့ပြောမိလို့ အဆိပ်ပါတဲ့ ထမင်းဟင်း စားပီးသေရတယ်။ ဒါကြောင့် ငါထင်တယ် ငါတတ်တယ် ငါသိတယ် ငါပြောရင် ဆိုတဲ့လူတွေ စကားကို ငါ့မှန်တယ်လို့ ငါအမှန်ပြောတာလို့ ထင်ပီးပြောတတ်တု့သူ တွေအတွက် သတိထားစရာပေါ့။ ကိုယ်က မှန်တယ်ထင်ပြီးပြောလိုက်တဲ့စကားတွေဟာ တခြားတယောက်ရင်ထဲမှာ အဆိပ် ဖြစ်သွားတတ်ပါတယ်။

Credit သစ္စာရွှေစည် ဆရာတော်၏ ရာဇဝင်ထဲက အဆိပ်စကား တရားတော်

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.