အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရပုံ

အိမ်ရှေ့ကိုယ်တော်ကြီးကို လုပ်ကြံခံရမည့်မနက်မှာ အိမ်တော်မှ အထွက် ဆင်တော်သို့ တက်ရာ ဗောင်းတော်ကျွတ်ကျလေသည်။ ထိုအခါ မိဖုရား လိူင်ထိပ်ထားက ကောက်ပေးရာ အရိပ်ထဲတွင် အိမ်ရှေ့ကိုယ်တော်၏ ဦးခေါင်း ရိပ်ကိုမမြင်သဖြင့် နိမိတ်မကောင်းပါ၊ လွှတ်တော်မတက်ရန် လျှောက်ထားပါတယ်။သို့သော် ကနောင်မင်းသားက “ ငါ့ကို ရန်ပြုနိုင်သူ မမွေးသေး” ဆိုပြီး ဆင်စီးပြီး လွှတ်တော်သွားတက် ပါတယ်။ ထိုအချိန်တွင် နန်းတော်အတွင်း မင်းသားတွေနဲ့ ပတ်သက်ပြီး ကောလဟလ ထွက်ရာ တူတော်မြင်းကွန်းတို့၏ လူပ်ရှားမူကား ပုံမှန် မဟုတ်သဖြင့် ကနောင်မင်းသားက လွှတ်တော်သို့ မတင်မီ ကိုယ်ရံတော်တပ် တို့ကို လွှတ်တော်အပြီး တွင် မြင်းကွန်းတို့ကို ဖမ်းလာရန် အ မိန့် ပေးထားခဲ့သည်။သို့သော် မြင်းကွန်းတို့က ငါတို့ကား မင်းသားဖြစ်သည်၊ ဘုရင်မှတပါး ငါ့တို့ကို မဖမ်းနိုင်ဆိုပြီး လာဖမ်းသည်ကို အာ ဏာဖီဆန်လေသည်။ မင်းတုန်းမင်းက လွှတ်တော်ကို ကိန်းခန်းအရ မြို့အပြင်တွင် ထွက်ပြီး လွှတ်တော်စည်းဝေးကျင်းပရသည်။ကနောင်မင်းသားလည်း လွှတ်တော်(ယာယီ)တွင် စည်းဝေးနေစဉ် မြင်းကွန်းညီနောင်မှာ ရန်ဖြစ်သလို ဓားချင်းခုတ်ပြီး လွှတ်တော်ဝန်းအတွင်း ပြေးဝင်လာသည်။ (ဥပဒေအရ လွှတ်တော်အစည်းအဝေး အတွင်း မည်သူမျှ လက်နက်ကိုင်လို့မရပါ။ထိုချိန် ကနောင်မင်းသားတွင် ဓားပါခြင်းမရှိပါ။ ) မင်းသားနှစ်ပါး ရန်ဖြစ်သလို လုပ်နေသဖြင့် မည်သူမျှ မတားနိုင်ခဲ့ပါ။ ထိုအချိန် သူရဲဝန်ဦးရွှေလုံးက မူမမှန် သည်ကို ရိပ်စားမိသဖြင့် ” ရန်သူတော်ဖြစ်ပါသည် ဘုရား ရှောင်တော်မူပါ” ဟု သတိပေးကာ လွှတ်တော်စောင့်နေသော ကိုယ်ရံတော်တပ်တွေကို “ ဟဲ့.. ကိုယ်ရံတော်များ သေနတ် ခဲယမ်းထိုးကြ” ဟု အမိန့်ပေးပြီး လွှတ်တော် လှေကားမှ ဆင်းလာကြ၏။ထိုချိန် မြင်းကွန်း၏ အသင့်ပုန်းနေ သော ငယ်ကျွန်တို့က လက်နက်ကိုယ်စီဖြင့် လွှတ်တော်စောင့် များကို သတ်ပြီး လွှတ်တော်ဝန်းအတွင်း စီနင်းလာနေ၏။

ထိုချိန် မြင်းကွန်းက သေနတ်ဝန်ကို ဓားဖြင့် အမိအရ ခုတ်မိလေသည်။ ကနောင်ကိုယ်တော်ကိုလည်း လိုက်လံခုတ်ရာ ကနောင်ကိုယ်တော်မှ မရှောင်နိုင်ခဲံ့ပဲ ဦးခေါင်းတော်ကို ခုတ်မိရာ ပြတ်တော်မူလေသည်။ ထိုချိန် လွှတ်တော်ရောက်လာသော မင်းသားသုံးပါး( မလွန်၊ပြင်စည်နှင့် စကု) တို့ကိုလည်း ထိုနေရာတွင် သတ်ပစ်လေသည်။ထိုခဏ မြို့ပြင်က လွှတ်တော်ကို မြင်းကွန်းတို့ အပိုင်စီးပြီးသားဖြစ်လေသည်။ ထိုအ ချိန်တွင် ယာယီစံနန်းတွင် လွှတ်တော်လာမတက်သေးသော မင်းတုန်းမင်းမှာ ထို သတင်းကို ကြားသဖြင့် မက္ခရာမင်းသားကိုယ်တိုင် ခမည်းတော်ကို ကျောပိုး ပြီး ထပြေး လေသည်။လမ်းမှာ စကုမင်းသား၏ မြင်းထိန်း မြင်းစီးလာသည်ကို တွေ့သဖြင့် မြင်းစီးပြီး မြို့တော်တွင်းသို့ အလျင်အမြန်ဝင်နိုင်လေသည်။ ထိုအချိန် နန်းတော်အတွင်းရှိ လွှတ်တော်ကိုလည်း သူပုန်မြင်းကွန်း၏ တပ် သိမ်းပြီးလေပြီ။ ရှင်ဘုရင်မှာ မြေနန်းတော်အတွင်းမှ စစ်သည်တော် ၇၀ ကျော်ကျော် ဖြင့် ခုခံနေလေ၏။မြင်းကွန်းလည်း မြေနန်းတော်ကို ထိုးဖောက် ဖို့ကြိုးစားပေးမယ့် မထိုးဖောက်နိုင်ပါ။ မက္ခရာမင်းသားနှင့် မှူးမတ် တွေရဲ့ ကြိုးစားခုခံမူကြောင့် တံခါးနီကို မဖောက်နိုင်ပဲရှိနေလေ၏။ထိုချိန်တွင် အိမ်ရှေ့ကိုယ် တော်၏ စစ်တဲတွင် ကျန်ခဲ့သော ကိုယ်ရံတော် တပ်သားများက လက်နက်သံစုံ ကြား၍ မြို့ပြင်လွှတ်တော်(ယာယီ)သို့ လိုက်ရာ အကြောင်းစုံကို မြင်သဖြင့် နန်းတော်တို့ အမှီလာကြကုန်၏။ထိုအခါ ကိုယ်ရံတော်တပ်တို့ကလည်း အနောက်ကနေ အသေတိုက်သဖြင့် မြင်းကွန်းဘက် တော်သားတို့ ဆုတ်ရလေသည်။ မြင်းကွန်းတို့လည်း အရေးနိမ့်သဖြင့် အသင့်ပြင်ထားသော မီးသင်္ဘောဖြင့် အင်္ဂလိပ်တို့အုပ်ချုပ်ရာ အောက်မြန်မာပြည်သို့ ပြေးလေသည်။
Credit – သုတစွယ်စုံကျမ်း