ကုန်းဘောင်ခေတ်က လက်ရုံးရည်၊ နှလုံးရည်ထူးချွန်သည့် မြဝတီမင်းကြီးဦးစအကြောင်း

ကုန်းဘောင်ခေတ်က လက်ရုံးရည်ဘက်သာမက နှလုံးရည်ဘက်တွင်ပါထူးချွန်သည့် မြဝတီမင်းကြီးဦးစ ကို မြန်မာသက္ကရာဇ် (၁၁၂၈)ခုနှစ် သီတင်း ကျွတ် လပြည့်ကျော်(၁၀)ရက် အင်္ဂါနေ့တွင် စစ်ကိုင်းမြို့အနောက်ဘက် မိကျောင်းတက်ရွာချောင်းရွာတွင်မွေးဖွားခဲ့ပါသည်။ဖခင်သည် အလုံမြို့မြောက်ဘက် မောက်တက်ရွာသား မြင်းစီးကြီးသား ဦးပေါက်ကျော်ဖြစ်၍ အမိသည် သာလွန်မင်းတရားကြီးလက်ထက် အမှုတော်ထမ်းရွက်ခဲ့သော အမတ်ကြီးဗညားကျန်းတော၏မြေး (ရှင်ငြိမ်းသာ)ဖြစ်သည်။မောင်စ အသက်ခြောက်နှစ်အရွယ်တွင် အဖဖြစ်သူဦးပေါက်ကျော် သေဆုံးသည်။ အသက်၁၁နှစ်အရွယ်တွင် အင်းဝမြို့ မဲထီးရွာ မဲထီးဆရာတော်ကျောင်းတွင်စာပေသင်ကြား၍ တတ်မြောက်သည့်အခါ လူထွက်ခဲ့သည်။ထို့နောက်စစ်ကိုင်းမြို့ ပန်းထိမ်ဝန်ဟောင်း ဦးညွန့်၏သမီး မအေးနှင့်လက်ထပ်ခဲ့ပါသည်။ထိုအချိန်က မောင်စသည် ပန်းထိမ်အလုပ် ရတနာရောင်းဝယ်ရေးအလုပ် လုပ်ကိုင်သည့်အပြင် အတီးအမှုတ်ဝါသနာပါလှသောကြောင့် ဘိုးတော်မင်းတရားကြီး၏ လက်ဝဲဆိုင်းအမှုထမ်း ဆိုင်းဆရာကြီးဦးတရုတ်ထံတွင် ကြေးဝိုင်းတီးခဲ့ပါသည်။ဦးစ(၁၉)နှစ်အရွယ်တွင် မအေးကွယ်လွန်ခဲ့၍ စစ်ကိုင်းမှ အမရပူရသို့ပြောင်းရွှေ့ကာအိမ်ရှေ့သံတော်ဆင့်လက်ယာပျံချီထံတွင် ရေးမှတ်သည့်ဘက်မှ အမှုထမ်း၍နေခဲ့သည်။ ထိုမှတဆင့်အိမ်ရှေ့အိမ်တော်သို့ ဦးစရောက်ရပါသည်။နောက်ပိုင်းမြန်မာသက္ကရာဇ် ၁၁၈၂ခုနှစ် နယုန်လတွင် ဘိုးတော်ဗဒုံမင်း နတ်ရွာစံ၍ စစ်ကိုင်းမင်းနန်းတက်သည့်အခါ အိမ်ရှေ့အတွင်းဝန်ဦးစကိုသီရိမဟာဇေယျသူရဘွဲ့ဖြင့် ထပ်ဆင့်ချီးမြှင့်တော်မူခဲ့သည်။သက္ကရာဇ် (၁၁၈၅)ခုနှစ်တွင် ပထမအကြိမ် အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားရာ ဦးစကို မင်းကြီးမဟာသီဟသူရဘွဲ့ဖြင့် လက်ဝဲစစ်ကဲခန့်၍ ရှေ့ဦးချီနှင့်တော်မူစေသည်။မြန်မာသက္ကရာဇ် (၁၁၈၆)ခုနှစ် ကဆုန်လအတွင်း တပ်ဦးချုပ် အတွင်းဝန်မင်းကြီးမဟာသီဟသူရသည် ရှေ့ချီသောင်းတပ်မှူးအဖြစ်နှင့်အင်္ဂလိပ်တို့ကို ဂေါ့တော့ပလ္လင်တွင်တိုက်ခိုက်၍ အောင်ပွဲရခဲ့သည်။ထိုတွင် တစ်ရက်ရပ်ဆိုင်းပြီး တပ်ဦးစီးချုပ်အတွင်းဝန်မင်းကြီး မဟာသီဟသူရပင် ရှေးဦးချီတက် ၍ ပန်းဝါသို့ဆိုက်ရောက်ပြန်လျက် ဒုတိယအကြိမ် အင်္ဂလိပ်တို့နှင့်တိုက်ခိုက်ရာ အင်္ဂလိပ်တို့ပင် ထွက်ပြေးရပြန်လေသည်။ ထိုပန်းဝါတွင်ဦးစသည် လေးလခန့်တပ်စွဲ၍နေသည်။မြဝတီမင်းကြီးဦးစသည် ရှေ့တန်းတိုက်ပွဲများဆင်နွှဲနေသည့်အချိန်များ၌ပင် ဝါသနာပါသောပတ်ပျိုး၊ ယိုးဒယား၊ ဘုန်းတော်ဘွဲ့နှင့် ကဗျာလင်္ကာများကို ရေးသားစီကုံးနေလေ့ရှိသူဖြစ်သည်။ဘကြီးတော်မင်းတရားလက်ထက်တွင် ဦးစသည် လက်ရုံးရည်နှင့် နှလုံးရည် အထွတ်အထိပ်သို့ရောက်ခဲ့သည်။အမြင့်ဆုံးရာထူးသို့ရောက်ခဲ့သည်။မြန်မာတို့ရခိုင်ပွဲ၌အနိုင်ရခဲ့သော် လည်းကံအကြောင်းမလှ၍ နောက်ဆုံးရန္တပိုအရပ်၌ စာချုပ်ချုပ်ဆို၍ အရှုံးနှင့် နိဂုံးချုပ်လိုက်ရသည်။မြန်မာသက္ကရာဇ် ၁၁၉၂ခုနှစ်က ဦးစကို ချီးမြှင့်ခဲ့သော မြဝတီမြို့သည် သရက်ခရိုင် ကံမရွာ၏အောက်ဘက်ရှိ မြဝတီမြို့ဖြစ်သည်ဟုဆိုကြပါသည်။စစ်ကိုင်းမင်း ဘကြီးတော်မင်း တရား ထီးနန်းကျ၍ သာယာဝတီမင်း၊ နန်းတက်သည့်အခါ မြဝတီမင်းကြီးဦးစသည် နန်းမတော်မယ်နု ၏ သစ္စာကို စောင့်သိသူဖြစ်ခဲ့ပြီး သာယာ ၀တီမင်းသား ပုန်ကန်သည့် စစ်ပွဲ တွင် အရေးန်ိမ့်ပြီး အဖမ်းခံခဲ့ရသူဖြစ်၏။တနေ့ ဦးစ သည် ထောင်သား များတို့၏ အလုပ်အတိုင်း အလုပ် ကြမ်းလုပ်နေရကာ လမ်းပြင်နေရလေသည်။ ထိုလမ်းပြင်နေရခြင်းသည် သဲအင်းဆရာတော်ကြီး ပျံလွန်တော်မူရာ မိဖုရားခေါင်ကြီးမှ ကြွရောက်ပူဇော် ရန် အစီအစဉ်ရှိသဖြင့် ထို လမ်းကို ပြင်နေရခြင်းဖြစ်၏။

မိဖုရားခေါင်ကြီးနှင့် သမီးတော်-စင်္ကြဒေဝီတို့ ထွက်တော်မူလာရာ ဦးစတို့လမ်းဖို့နေရာသို့ ရောက်သည်တွင် သမီးတော်စုဖုရား(စင်္ကြဒေဝီ) သည် လမ်းဘေးတွင် ပေါက်ပြားတလက်နှင့် တဖားဖားလမ်းဖို့နေသော ဦးစကို မြင်သဖြင့် ရပ်တန့်စေပြီး“ဟိုဘက်နားက လမ်းဖို့နေတာ စစ မဟုတ်လား။ ခေါ်စမ်းပါ ခေါ်စမ်းပါ”ဆို၍ အပါးတော်မြဲများကလည်း ဦးစကိုသွားရောက်ခေါ်ငင်ရလေသည်။ (သားတော် သမီးတော်များက ဦးစ အား( “စစ” )ခေါ်ခြင်းဖြင့် ဦးစ အားမည်မျှ ချစ်ခင်ရင်း ရှိကြသည်ကို သိနိုင်ပါသည်။)ဦးစလည်း သမီးတော်စုဘုရားကြီးရှေ့တော်သို့ရောက်လျှင် မြေပေါ်တွင် ပြားပြားဝပ်လျက် “ကျွန်တော်မျိုးကြီးမှာ အမျက်တော်ရှိသဖြင့် ရာဇဝတ်တော်ပန်းကို ပန်ဆင်နေခဲ့ရသည်မှာ နှစ်နှစ်ကျော်ရှိပါပြီ။ထောင်တွင်း၌ အကျဉ်းခံသည်မှာ ဒုက္ခကြီးလှကြောင်း” လျှောက်ထားရာ သမီးတော် စုဘုရားကြီးလည်း သနားလှသဖြင့် “စစ က ဘုန်းတော်ဘွဲ့တပုဒ်ရေးပြီး (ငရွှေသာ)ကို ပေးလိုက်ပါ။ အခွင့်တော်သာလျှင် ခမည်းတော်အား ကူညီလျှောက်ထားပေးပါမည်” ဟု ကတိပေး၍ မှာကြားခဲ့လေသည်။ ဦးစလည်း ထိုနေ့ည ထောင်သို့ပြန်ရောက်သည်နှင့် တပြိုင်နက်ဘုန်းတော်ဘွဲ့ကိုရေးသားလေသည်။ဤသို့စီကုံးရေးသားပြီးနောက် သမီးတော်-စုဘုရားကြီး မှာထားခဲ့သည့်အတိုင်း ထောင်အဝှန်းတို့လက် မှတဆင့် ရုပ်သေးမင်းသားကိုင် (ငရွှေသာ )ကို အပ်လိုက်ရာ ၁၂၀၁-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်နေ့ အနောက်စမုတ်တော် ရုပ်သေးပွဲတွင် သာယာဝတီမင်းနှင့် မိ ဘုရား သားတော် သမီးတော်တို့ စုံညီ ရှုစားတော်မူခိုက် ဦးရွှေသာက သံနေသံထားနှင့် ဆိုလေသည်။ထူးခြားကောင်းမွန်လှသော ကြောင့် သာယာဝတီမင်းက ဘယ်သူဖွဲ့ဆိုသလဲ အမေးတော်ရှိရာ အနီးတွင် အသင့်စောင့်နေသော သမီးတော် စုဘုရားကြီးက ထောင်မှာ အကျဉ်းထားသော ဝန်ကြီးဟောင်း ငစ ဖွဲ့ဆိုပါသည်။ယခုလည်း ထောင်တွင် နှစ်နှစ်ကျော်၍ ဒုက္ခရောက်လှပါပြီ၊ နှမြောဘို့ကောင်းပါသည် စသည်ဖြင့် လျှောက် ထားသည်တွင် သာယာဝတီမင်းသည် ပညာကို မြတ်နိုး သည်ကတကြောင်း၊ချစ်လှစွာသော သမီးတော်ငိုယိုကာလျှောက် ထားတောင်းပန် သည်က တကြောင်းကြောင့် “လွတ်ပါစေ” ဟု အမိန့်တော်ရှိသဖြင့် ညတွင်းချင်းပင် အကျဉ်းမှ လွတ်ရလေသည်။မဟာသီရိဇေ ယျ သူဘွဲ့ကို ထပ်မံချီးမြှင့်ခဲ့လေသည်။ထို့နောက်တွင်မူကား မြဝတီမင်းကြီး ဦးစအား သာယာဝတီမင်း လက်ထက်တွင် ထပ်မံ သူကောင်း ပြုသည်ဟု မကြားရတော့ချေ။ မင်းမှုထမ်း အလုပ်မှ လွတ်ကင်း၍ ဆင်းရဲသားအဖြစ် အေးအေးပင် နေသည်ဟု ထင်ဖွယ်ရာရှိပေသည်။တပင်တိုင် မင်း သမီး သည် ကဗျာ၊သီချင်းများ ကို ချစ်မြတ်နိုးသူဖြစ်သဖြင့် ဦးစ ကို မိမိအနား အမူထမ်းရန် ပြောဆိုသော်လည်း ဦးစမှ လက်မခံဘဲ တောင်း ပန်ကာ သူ၏ ရွာ တွင်သာ အေးချမ်းစွာ နေထိုင်သွားလေတော့သည်။ထို့နောက်ပိုင်းပုဂံမင်းလက်ထက်တွင် မြင်းမူရွာကိုစားရသည်ဟူ၍ လည်း ကောင်း၊ မင်းတုန်းမင်းအထွတ်အထိပ်ရောက်စတွင် ဝန်ကြီးဦးစကို အမှုတော်ထမ်းနိုင်ပါမည်လောဟု အမေးတော်ရှိရာ ထမ်း နိုင်ပါကြောင်းလျှောက်တင်၍ ထမ်းရွက်ရသည်ဟူ၍လည်းကောင်း အမှတ်အသားရှိသည်ကိုတွေ့ရပါသည်။ထိုသို့မြန်မာစာပေ၊ ဂီတနှင့်စစ်ရေးတို့တွင် ထူးချွန်ထက်မြက်လှသောမြဝတီမင်းကြီးဦးစသည် မင်းတုန်းမင်းလက်ထက်မြန်မာသက္ကရာဇ် ၁၂၀၅ ခုနှစ် ဝါခေါင်လဆန်း ၁ရက်နံနက် (၇ )ချက်တီးအချိန် ကြာသပတေးနေ့၌ ရတနာသိင်္ဃရွှေနန်းတော်ရှေ့ သူဇာတံခါးလမ်းတန်းနေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။ ကွယ် လွန်ချိန်တွင်အသက် ၈၇ နှစ်ရှိပြီဖြစ်ပါသည်။
Credit – ဝီကီပီဒီးယား