ရှေးအခါက မင်းညီမင်းသားတွေသင်ကြားရတဲ့ အဌာရသ (၁၈) ရပ်ဆိုတာ

ရှေးအခါက မင်းညီမင်းသားတွေသင်ကြားရတဲ့ အဌာရသ (၁၈) ရပ်ဆိုတာ

 

 

ရှေးအခါက မင်းညီမင်းသားတွေမှာ တက္ကသိုလ်ပြည်သွားပြီး အဌာရသ (၁၈) မျိူး သင်ကြားရပေသည်။ ယောက်ျား တို့တပ်အပ်သော အဌာရသ (၁၈) ရပ် တို့မှာ အမျိုးအစားကား စုံလင်လှသည်။

ထိုအထဲမှ တစ်မျိုးလောက်သာ ထူးချွန် လျှင် ဆရာတစ်ဆူလုပ် လို့ရသည်။ (၁၈) မျိုးစလုံး တတ်လျှင်ကား ဆိုဖွယ်ရာ မရှိတော့။စာပေတွေထဲမှာတော့ ဒီပညာ (၁၈) ရပ် အတွက် သင်ကြားချိန် က ၃ နှစ် လို့ဆို၏။

၃နှစ်တည်းနဲ့ ဒီလောက်စုံလင်တဲ့ လက်ရုံးရည် နှလုံးရည် ပညာတွေကို ဘယ်လိုသင်သလဲ ဆိုတာကတော့ စဉ်းစားစရာပင်။ဒါမှမဟုတ် ယခုခေတ် နှစ်သက်ရာ မေဂျာယူသလို သူတို့လည်း တစ်မျိုးစီ အထူးပြုယူလေသလား မပြောတတ်ပါ။

ထို အဌာရသ ပညာရပ် (၁၈) ရပ်က ဘာတွေလဲ ။ မသိသေးသူများအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

အဌာရသ (၁၈) ရပ်မှာကား –

၁။ အကြားအမြင်အတတ် (သုတိ)။

၂။ ဓမ္မသတ်တတ်ကျွမ်းမှုအတတ် (သမ္မုတိ)။
၃။ အရေအတွက် ဂဏန်းသင်္ချာ အတတ်(သင်္ချာ)။
၄။ တံစည်း ၊ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်(ယောဂါ)။

၅။ အကျင့်ဆိုင်ရာ ဆုံးမမှု အတတ် (နိတိ)။
၆။ ယာယီ ၊ ယတြာ စသောဗျာကရိုဏ်အတတ် (ဝိသေသကာ)။
၇။ သီဆို်ကခုန်မှု ကဗျာ၊ ဂီတ၊ လင်္ကာ အတတ် (ဂန္ဓဗ္ဗာ)။

၈။ လက်ဆစ်ချိုး၍ ရေတွက်ဟောပြောသော အတတ် (ဂဏိကာ)။
၉။ လေးမြှား အတတ် (ဝနုဗေဒါ)။
၁၀။ ရှေးဟောင်းစကား ၊ ကျမ်းဂန်အတတ်(ပုရာဏ)။

၁၁။ ဆေးပညာ အတတ်(တိကစ္ဆက)။
၁၂။ ရယ်ရွှင်ဖွယ် အတတ် (ဣတိဟာသ)။
၁၃။ ဗေဒင် အတတ် (ဇောတိ)။

၁၄။ ဖုံးကွယ်လှည့်ပတ်မှု အတတ်(မာယာ)။
၁၅။ ဆန်းကျမ်း အတတ် (ဆန္ဒတိ)။
၁၆။ သံတမာန် အတတ် (ကေတု)။

၁၇။ မန္တန် အတတ် (မန္တာ)။
၁၈။ သဒ္ဒါတတ်ကျွမ်းမှု အတတ် (သဒ်ဒါ) တို့ပင်ဖြစ်ပေသည်။

Credit

Zawgyi

 

ေရွးအခါက မင္းညီမင္းသားေတြသင္ၾကားရတဲ့ အဌာရသ (၁၈) ရပ္ဆိုတာ

 

 

ေရွးအခါက မင္းညီမင္းသားေတြမွာ တကၠသိုလ္ျပည္သြားၿပီး အဌာရသ (၁၈) မ်ိဴး သင္ၾကားရေပသည္။ ေယာက္်ား တို႔တပ္အပ္ေသာ အဌာရသ (၁၈) ရပ္ တို႔မွာ အမ်ိဳးအစားကား စုံလင္လွသည္။

ထိုအထဲမွ တစ္မ်ိဳးေလာက္သာ ထူးခြၽန္ လွ်င္ ဆရာတစ္ဆူလုပ္ လို႔ရသည္။ (၁၈) မ်ိဳးစလုံး တတ္လွ်င္ကား ဆိုဖြယ္ရာ မရွိေတာ့။စာေပေတြထဲမွာေတာ့ ဒီပညာ (၁၈) ရပ္ အတြက္ သင္ၾကားခ်ိန္ က ၃ ႏွစ္ လို႔ဆို၏။

၃ႏွစ္တည္းနဲ႕ ဒီေလာက္စုံလင္တဲ့ လက္႐ုံးရည္ ႏွလုံးရည္ ပညာေတြကို ဘယ္လိုသင္သလဲ ဆိုတာကေတာ့ စဥ္းစားစရာပင္။ဒါမွမဟုတ္ ယခုေခတ္ ႏွစ္သက္ရာ ေမဂ်ာယူသလို သူတို႔လည္း တစ္မ်ိဳးစီ အထူးျပဳယူေလသလား မေျပာတတ္ပါ။

ထို အဌာရသ ပညာရပ္ (၁၈) ရပ္က ဘာေတြလဲ ။ မသိေသးသူမ်ားအတြက္ ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။

အဌာရသ (၁၈) ရပ္မွာကား –

၁။ အၾကားအျမင္အတတ္ (သုတိ)။

၂။ ဓမၼသတ္တတ္ကြၽမ္းမႈအတတ္ (သမၼဳတိ)။
၃။ အေရအတြက္ ဂဏန္းသခၤ်ာ အတတ္(သခၤ်ာ)။
၄။ တံစည္း ၊ စူး၊ ေဆာက္ အစရွိေသာ ဗိသုကာ အတတ္(ေယာဂါ)။

၅။ အက်င့္ဆိုင္ရာ ဆုံးမမႈ အတတ္ (နိတိ)။
၆။ ယာယီ ၊ ယၾတာ စေသာဗ်ာကရိုဏ္အတတ္ (ဝိေသသကာ)။
၇။ သီဆို္ကခုန္မႈ ကဗ်ာ၊ ဂီတ၊ လကၤာ အတတ္ (ဂႏၶဗၺာ)။

၈။ လက္ဆစ္ခ်ိဳး၍ ေရတြက္ေဟာေျပာေသာ အတတ္ (ဂဏိကာ)။
၉။ ေလးျမႇား အတတ္ (ဝႏုေဗဒါ)။
၁၀။ ေရွးေဟာင္းစကား ၊ က်မ္းဂန္အတတ္(ပုရာဏ)။

၁၁။ ေဆးပညာ အတတ္(တိကစၦက)။
၁၂။ ရယ္႐ႊင္ဖြယ္ အတတ္ (ဣတိဟာသ)။
၁၃။ ေဗဒင္ အတတ္ (ေဇာတိ)။

၁၄။ ဖုံးကြယ္လွည့္ပတ္မႈ အတတ္(မာယာ)။
၁၅။ ဆန္းက်မ္း အတတ္ (ဆႏၵတိ)။
၁၆။ သံတမာန္ အတတ္ (ေကတု)။

၁၇။ မႏၲန္ အတတ္ (မႏၲာ)။
၁၈။ သဒၵါတတ္ကြၽမ္းမႈ အတတ္ (သဒ္ဒါ) တို႔ပင္ျဖစ္ေပသည္။

Credit

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.