ကမ္ဘာပေါ်ရှိ အထူးဆန်းဆုံးငှက်မျိုးစိတ် ၁၀ မျိုး

 ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးမှာ ငှက်မျိုးစိတ်ကွဲပေါင်းများစွာရှိပါတယ်။ အဲဒီထဲကမှ စာဖတ်သူပရိသတ်ကြီးတွေ့နေမြင်နေကြမဟုတ်တဲ့ ငှက်မျိုးစိတ် ၁၀ ခုကို ရွေးချယ်တင်ဆက်ပေးလိုက်ပါရစေ။

၁။Curl-crested Araçari



တောင်အမေရိကမှာရှိတဲ့ အမွေးပွပွ ငှက်မျိုးနွယ် araçari ကတော့ ကော့ယင်ငှက်မျိုးနွယ်ဝင်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အလှပဆုံးငှက်မျိုးနွယ်ဝင်ထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အရောင်စုံ နှုတ်သီးကြောင့် ထင်ရှားပြီး ခေါင်းပေါ်က ကွေးကောက်နေတဲ့ အမည်းရောင်အမွှေးလေးတွေကလည်း သူတို့ရဲ့ ထူးခြားမှုတစ်ခုပါပဲ။

၂။Sage-grouse



မြောက်အမေရိကကိုတော့ ရစ်ငှက် အကောင်ကြီးမျိုးနွယ်တို့ ခိုးနာရာအိမ်လို့ ခေါ်ကြပါတယ်။ အထီးတွေဟာ သူတို့ရဲ့ဝင့်ကြွားသော ဟန်ပန်ကြောင့် ထင်ရှားပြီး ဆောင်းဦးကာလမှာတော့ အမြီးမှာရှိတဲ့အမွှေးအတောင်တွေကို ဖြန့်ကျက်ပြီး အဝါရောင်လေအိတ်တွေကို ရင်ဘတ်မှာဖောင်းထုတ်ကာ ထူးဆန်းတဲ့ အဖိုသံလေးတွေ ပေးကြပြီး အမတွေကို ဆွဲဆောင်တတ်ကြပါတယ်။


၃။Shoebill Stork



ငှက်ကျားရှေးခေတ် အီဂျစ်ပညာရှင်တွေကတော့ ဒီငှက်ကို အသက်ရှင်လျက်ရှိနေတဲ့ ဒိုင်နိုဆောလို့ သိထားကြပါတယ်။ ကြီးမားတဲ့နှုတ်သီးနဲ့ မိချောင်းပေါက်လေးတွေကိုတောင် အမဲလိုက်နိုင်တဲ့ အသားစားငှက်တစ်မျိုးပါ။ လူသားတွေကိုတော့ ရန်ပြုတတ်တဲ့သဘာ၀မရှိဘဲ ရုပ်တုကြီးလို့တောင်တင်စားကြတတတ်ပါတယ်။ အသက်အားဖြင့် ၃၅ နှစ်အထိ နေနိုင်ပြီး ငါးပေလောက်ထိ မြင့်ပါတယ်။


၄။ Bearded Vultures



မုတ်ဆိတ်ပါတဲ့ လင်းတမုတ်ဆိတ်ပါတဲ့ လင်းတတွေဟာ ထူးခြားတဲ့စားသောက်မှုပုံစံရှိပြီး အရိုးတွေကို အများဆုံးစားသုံးတတ်ပါတယ်။ သိုးရဲ့ ပေါင်လောက်ရှိတဲ့ အရိုးတစ်ခုလုံးကိုမြိုချနိုင်ပြီး အရိုးကကြီးလွန်းတယ်ဆိုရင်တော့ ကောင်းကင်ပေါ်ပစ်မြှောက် ခွဲပစ်ကာ အထဲမှာရှိသော ရိုးတွင်းခြင်ဆီကို စားသုံးကြပါတယ်။


၅။Hoatzin 



ကတော့ အမှန်တကယ်ကို ရှားပါးပြီးထူးခြားတဲ့ငှက်မျိုးနွယ်ပါ။ အကောင်ပေါက်လေးတွေရဲ့တောင်ပံနှစ်ဖက်မှာ ကုတ်တွယ်ဖို့ အစွယ် ၂ခုပါရှိပါတယ်။ ကျွဲနွားတွေလိုပဲ ထူးခြားတဲ့ အစာခြေစနစ်ရှိပြီး အူရဲ့ရှေ့ပိုင်းမှာ အပင်တွေကို ဖြိုခွဲဖို့ ဘက်တီးရီးယားကိုသုံးတဲ့ အချဉ်ဖောက်ခြင်းစနစ်ကို အသုံးပြုပါတယ်။ ဒီလိုအစာအချဉ်ဖောက်ခြင်းဖြစ်စဉ်ကနေ ထွက်လာတဲ့အနံ့ကြောင့် သူ့ကို နံစော်တဲ့ငှက်လို့ အမည်တွင်ခဲ့တာပါ

၆။Harpy Eagle



သုံးပေထိရှည်ပြီး အကြီးမားဆုံးနဲ့ အားအကောင်းဆုံးဖြစ်တဲ့ လင်းယုန်ငှက်မျိုးဖြစ်ပါတယ်။ခြေထောက်တွေဟာ ကလေးတစ်ယောက်ရဲ့ လက်မောင်းလောက်ရှိပြီး ခြေသည်းတွေကတော့ ငါးလက်မလောက်ထိရှည်ကာ ဒီခြေသည်းကြီးတွေနဲ့ ၁၇ ပေါင်ထိရှိတဲ့ မျောက်တွေ စလော့တွေကိုတောင် ဖမ်းဆီးနိုင်ပါတယ်။


၇။Southern Cassowary



ခြေထောက်တုတ်တုတ်နဲ့ ဓားတွေလိုချွန်မြနေတဲ့ ခြေစွယ်တွေရှိတဲ့ တောင်ပိုင်း ကတ်ဆောရီ (မပျံသန်းတတ်သောငှက်မျိုးစု)တွေဟာ ကမ္ဘာကြီးရဲ့ အန္တရာယ်ရှိဆုံး ငှက်မျိုးစိတ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တတိယမြောက် အလေးဆုံးငှက်ဖြစ်ပြီး လူသားတွေကို ရန်ပြုတတ်တဲ့ဂုဏ်သတင်းနဲ့ ကျော်စောပါတယ်။ ဒါပေမဲ့လည်း ကံကောင်းတာကတော့ ၁၉၀၀ ခုနှစ်တည်းက ယင်းငှက်တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု ၂ မှုသာရှိပါသေးတယ်။ အကန်ပြင်းတဲ့နေရာမှာတော့ သွားရှုပ်လို့မရတဲ့ ငှက်မျိုးနွယ်ဝင်ပါပဲ

၈။Marabou Stork



အနောက်အာဖရိက ငှက်ကျားမျိုးနွယ်ကတော့ သုဘရာဇာငှက်လို့ သိထားကြပြီး အသေကောင်ပုတ်တွေကို စားသုံးကြပါတယ်။ ပျောင်နေတဲ့ဦးခေါင်းကတော့ သွေးတွေနဲ့တခြားအညစ်အကြေးတွေကို သန့်ရှင်းရလွယ်ကူစေရန် ဖြစ်ပေါ်လာတာလို့ဆိုကြပါတယ်။ လည်ချောင်းမှာထူးခြားတဲ့ပန်းရောင်အိတ်ငယ်တစ်ခုရှိပြီး မိတ်လိုက်တဲ့ရာသီမှာတော့ ယင်းအိတ်ငယ်ဟာ ဖောင်းကြွလာကာ အမတွေကိုဆွဲဆောင်ဖို့ အသုံးပြုပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီငှက်တွေဟာ တောမီးလောင်ခြင်းကို နှစ်သက်ကြပြီး ထွက်ပြေးသွားတဲ့သားကောင်ကိုလိုက်ဖို့ သုံးတဲ့ပုံပါပဲ။


၉။Vulturine Guineafowl



ဒီရစ်ငှက်ကြီးတွေကတော့ ၇၁ စင်တီမီတာ သို့မဟုတ် ၂၈ လက်မ ရှိပြီး သေးငယ်သော ဦးခေါင်း လုံးဝန်းသော ခန္ဓာကိုယ်ရှိကြပါတယ်။ ဒီငှက်တွေရဲ့ ဦးန​ှောက်က သေးငယ်ပေမဲ့ သူတို့အုပ်စုဝင်နဲ့ အပြင်ငှက်တွေကို ခွဲခြားမှတ်သားနိုင်ပြီး အုပ်စုရဲ့ခေါင်းဆောင်ကလည်း အချိန်တော်တော်ကြာတဲ့အထိ မပြောင်းလဲပါဘူး။


၁၀။Black Heron



မက်ဒါဂါဆာနဲ့ အနောက်အာဖရိကမှာတော့ အမည်းရောင်ဟီရွန် (အမည်းရောင်ငဟစ်ငှက်) ကိုတော့ ထူးခြားတဲ့ငါးမြှားခြင်းပုံစံကြောင့် လူသိများကြပါတယ်။ ငါးကိုဖမ်းတဲ့အချိန်မှာ သူ့ရဲ့ တောင်ပံတွေကို ထီးပုံစံလုပ်ကာ ရေပေါ်မှာ အရိပ်တစ်ခုကို ဖန်တီးလိုက်ပြီး ငှက်တွေကို ဖမ်းစားလို့ရအောင် ဆွဲဆောင်ပါတယ်။ တချို့ကတော့ တစ်ကောင်တည်း ငါးဖမ်းကြပေမဲ့ တချို့ကတော့ အကောင် ၂၀၀ ထိ အုပ်စုဖွဲ့နေတတ်ကြပါတယ်။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.